အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သီးစုံရခိုင်လှော်ဟင်းဆိုတဲ့ ချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ တခါတလေ တစ်မျိုးတည်းစားတာထက် အရောစားရတာလည်း အရသာတစ်မျိုးကို ပေးစွမ်းနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ရုံးပတေသီး – ၅ တောင့်
- ပဲတောင့်ရှည် – ၁ စည်း
- ခရမ်းသီးအရှည် – ၁ လုံး
- ငြုပ်သီးစိမ်း – ၁၀ တောင့်
- ငါးပိ – အနည်းငယ်
- ရွှေပုစွန်ခြောက် – ဇွန်းဝက်ခန့်
ပြုလုပ်နည်း
- ငြုပ်သီးစိမ်းကို အညှာခြွေပြီး ရေအနည်းငယ်လေးဖြင့် နူးအိအောင် ပြုတ်ထားပါ။ရုံးပတေသီး၊ ပဲတောင့်ရှည် နှင့် ခရမ်းသီးတောင့်ရှည်တို့ကို ရေဆေးပြီးမှ တစ်လက်မ အရွယ်ခန့် လှီးဖြတ်ပါ။
- ပြုတ်ထားသော ငြုပ်သီး နူးအိလျှင် ညှက်အောင် ထောင်းပါ။အိုးတစ်လုံးထဲသို့ လှီးဖြတ်ထားသော အသီးများ၊ ငြုပ်သီးထောင်း ၊ ရွှေပုစွန်ခြောက် ၊ ငါးပိ နှင့် ဟင်းခတ်မှုန့် အနည်းငယ် တို့ကိုထည့်ပါ။
- အဖုံးအုပ်ပြီး မီးရှိန်အေးအေးမှာ အပူပေးပါ။ အငွေ့ကြောင့် အသီးများ အစိမ်းရောင် ပြောင်းလာလျှင် အဖုံးဖွင့်ပြီး ညှင်သာစွာ မွှေပေးပါ။
- အရသာ ခပ်ရှိန်းရှိန်းလေး နှစ်သက်လျှင် ထောင်းထားသော ငြုပ်ကောင်းစေ့ အနည်းငယ်ထည့် မွှေပေးပါ။ မိမိနှစ်သက်တဲ့ အရသာရလျှင် ပန်းကန်ထဲပြောင်းထည့်ပြီး သုံးဆောင်နိူင်ပါပြီ ။
Credit: ဟင်းချက်နည်းများ