မင်္ဂလာပါ…. အိမ်ရှင်မတို့ရေ…. တစ်နေ့တစ်နေ့ ဈေးသွားရင် ဘာချက်လို့ချက်ရမှန်းမသိဘဲ စိတ်ညစ်ရတာ တကယ်ပါနော်။ ဈေးနှုန်းတွေတက်နေချိန်မှာ ပါဝင်ပစ္စည်းနှစ်မျိုးလောက်ထဲသုံးပြီး စျေးသက်သက်သာသာနဲ့ အရသာရှိတဲ့ဟင်းတစ်ခွက်ချက်နိုင်ဖို့ နည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင် ၄ တုံး
- ဆား လက်ဖက်ရည်ဇွန်း 3/4 ဇွန်း
- လတ်ဆတ်တဲ့ငရုတ်ကောင်းအနက် လက်ဖက်ရည်ဇွန်း 1/4 ဇွန်း
- ငရုတ်အနှစ် ၂ ဇွန်း
ချက်ပြုတ်နည်းအဆင့်ဆင့်
- ကြက်ပေါင် ၄ ချောင်းခြောက်အောင်လုပ်ပြီး ဆား ငရုတ်ကောင်း ငရုတ်အနှစ်တို့နဲ့ ရောနယ်ပြီး ၁၀ မိနစ်လောက်နှပ်ထားပေးပါ။
- ဒယ်အိုးကို မီးဖိုမှာတင်ပြီး မီးအပူချိန်ကို အနိမ့်ဆုံးအပူပေးပြီး မိနစ် 40 ကနေ 50 မိနစ်အထိ မီးအေးအေးနဲ့ချက်ပါ။
- ကြက်သားကျက်လာပြီးဆို ငရုတ်အနှစ်ကိုထည့်ပြီး ရောမွှေပေးပါ။ ဒါဆိုရင်တော့ ပါဝင်ပစ္စည်းတွေအများကြီးမလိုဘဲ အရသာရှိတဲ့ဟင်းတစ်ခွက် ရရှိပါပြီ။