ပါဝင်ပစ္စည်းများ
- ထမင်း ၄ လုံး (ဟင်းချို ပန်းကန်လုံး အသေး)
- မျှစ်ဝါ ငပိစပ်ထောင်း ၅ ဇွန်း (ထမင်းစားဇွန်း)
- ငါးဂွေးသီးချက် ကျန်တဲ့အနှစ် ၂ ဇွန်းခန့် (ထမင်းစားဇွန်း)
- ငါးခြောက်ကြာ်
- ခရမ်းကြွတ်သီး ၃ လုံး
- ခရမ်းချဉ်သီး ၂ လုံး
- ဥဝါ ၁ ပိုင်း
- မြေပဲဆီစစ်စစ်
ပြုလုပ်နည်း
- ဇလုံ တခုထဲတွင် ထမင်း၊ မျှစ်ဝါ ငပိစပ်ထောင်း၊ ငါးဂွေးသိးချက် ကျန်တဲ့အနှစ် တို့ကို မြေပဲဆီ စစ်စစ်နှင့် နှံ့အောင်နယ်ပါ။
- ဆား ၊ ငံပြာရည် လုံးဝ မထည့်ရပါ။ မျှစ်ဝါ ငပိစပ်ထောင်း ထဲတွင် ဆားပါပြီးသား ဖြစ်ပါသည်။
- မျှစ်ဝါ ငပိစပ်ထောင်းနှင့် ငါးဂွေးသီးချက် ကျန်တဲ့အနှစ်ကို နယ်ထားသည့် ထမင်းကို ငါးခြောက်ကြာ်၊ ခရမ်းကြွတ်သီး၊ ခရမ်းချဉ်သီး၊ ဥဝါ အချောင်းရျည်လေးများကို ဂျိုးဂျိုးဂျွတ်ဂျွတ် စားကြည့်ပါ အင်မတန်ကောင်းပါသည်။
- မျှစ်ဝါ ငပိစပ်ထောင်းကို ထမင်းနယ် ပေါ်မှာ ပုံထားပါသည်။ အိမ်မှကလေးများ၏ တောင်းဆိုချက်အရ ဖြစ်ပါသည်။
MyFood Myanmar