အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အဓိကပါဝင်ပစ္စည်းသုံးမျိုးနဲ့ ချက်ပြုတ်ထားတဲ့ ကြက်သားဟင်းလျာ ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၂၅၀ ဂရမ်
  • ဂျင်း ၃၀ ဂရမ် (အခွံခွာပြီး နုပ်နုပ်စဉ်းထားပါ)
  • ပဲငါးပိ စားပွဲတင်ဇွန်း ၃ ဇွန်း
  • မှို ၅ ပွင့် (ရေစိမ်ပြီးနောက် ပါးပါးလှီးထားပါ)
  • အာလူး ၂၀၀ ဂရမ် (အနေတော်အတုံး လှီးထားပါ)

  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ ၃၇၅ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မှိုကို ရေစိမ်ထားပြီး နုပ်နုပ်စဉ်းထားပါ။ အာလူးကို အခွံခွာပြီး အနေတော် အတုံးတုံးထားပါ။ ဂျင်းကို အခွံခွာပြီး နုပ်နုပ်စဉ်းထားပါ။ ကြက်သားကိုလည်း အနေတော် အတုံး တုံးထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဂျင်းထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်လိုက်ပါ။ ထို့နောက် ပဲငါးပိအနှစ်ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

၃။ မှိုနှင့် အာလူးတို့ထည့်ပြီးနောက် တစ်မိနစ်ခန့် ထပ်မံမွှေပေးရပါမယ်။ ထို့နောက် သကြား၊ ရေနှင့် ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ ရေများ ဆူပွက်လာသည်အထိ တည်ထားပြီးနောက် အာလူးများ နူးအိသွားလားဆိုတာကို စမ်းသပ်ကြည့်ပေးလိုက်ပါ။ အရည်များ ဆူပွက်လာပါက အဖုံးအုပ်ထားပြီးနောက် ၅ မိနစ်ခန့် ထပ်တည်ထားပေးလိုက်ပါ။

အရည်က ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မှို၊ အာလူး ကြက်သားဟင်းလေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Huangkitchen.com