မှိုကြိုက်သူများအတွက် လွယ်ကူတဲ့ ဟင်းလျာလေးပဲဖြစ်ပါတယ်။ လုပ်ရတာလည်း လွယ်ကူလို့ အချိန်မကုန်ဘဲ ကောင်းကောင်းစားလို့ရတာပေါ့ ။သက်သက်လွတ်လည်း စားချင် ဟင်းလျာအပြောင်းအလဲလေးလည်း ဖြစ်ချင်တယ် ဆိုရင်တော့ အရသာရှိတဲ့ မှိုသုပ်လေး စားကြည့်ရအောင်နော်။

အရသာရှိပြီး လွယ်ကူမြန်ဆန်တဲ့ သက်သက်လွတ်ဟင်းလျာ တစ်ခွက်ရရှိမှာ ဖြစ်ပါတယ်။သက်သက်လွတ် မစားချင်သူများအနေနှင့် ကြက်သားမှုန့်သုံး၍ အစားထိုးသုပ်နိုင်ပါတယ်။ အသားထည့်သုပ်ချင်လျှင်လည်း မိမိနှစ်သက်ရာ (ကြက် ဝက် ငါးဖယ် ပုစွန်) တို့ကို ပြုတ်၍ ပါးပါးလှီးပြီး သုံးဆောင်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ကောက်ရိုးမှို (သို့) နှစ်သက်ရာမှို – ၁၀ ကျပ်သား

ပဲဆီ – ထမင်းစားဇွန်း ၁ ဇွန်း

ခရမ်းချဉ်သီး – အရွယ်တော် ၂ လုံး

ကြက်သွန်နီ – ဥကြီး ၁ လုံး

ကြက်သွန်ဖြူ – ၃ မွှာ

ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပုရာသီး – ၁ ခြမ်း

ငရုတ်သီးစိမ်း – ၄ တောင့်

ပြုလုပ်နည်း

မှိုများကို ရေသန့်စင်စွာဆေး၍ ပြုတ်ထားပါ

ခရမ်းချဉ်သီ်း ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ

သုပ်မည့်ပန်းကန်ထဲသို့ ပြုတ်ထားသောမှို ခရမ်းချဉ်သီး ကြက်သွန်နီ ငရုတ်သီးစိမ်းလှီးထားသည်များကို ထည့်ပါ

ဆီ ဆား ထည့် သံပုရာသီးညှစ်၍ ဖွဖွလေး နှံ့အောင်နယ်ပါ