အားလုံးပဲ မင်္ဂလာပါ။ အသားမပါပေမယ့်လည်း ဟင်းရွက်တွေနဲ့ အရသာရှိတဲ့ ခေါက်ဆွဲကြော်တစ်ပွဲကို ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။ အရသာရှိ မရှိကို လက်တွေ့စမ်းသပ်ကြည့်ချင်သူများအတွက် ပါဝင်ပစ္စည်းများနဲ့ ပြုလုပ်နည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • အသင့်စားခေါက်ဆွဲ ၂ ထုပ်
  • မုန်လာဥနီ အလတ်စား တစ်ခု
  • မုန်ညှင်း အနည်းငယ်
  • ကြက်သွန်နီ တစ်ဥ
  • ပဲပြား တစ်တုံးရဲ့တစ်ဝက်

  • ကြက်သွန်မြိတ် တစ်ပင်
  • ကြက်သွန်ဖြူ ၃ မြွှာ
  • သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
  • ဆား အနည်းငယ်

ဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သောပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခေါက်ဆွဲနှစ်ထုပ်ကို ၃ မိနစ်မှ ၅ မိနစ်ခန့်အထိ ပြုတ်ပေးလိုက်ပါ။

၂။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ၊ မုန်လာဥနီနှင့် မုန်ညှင်း၊ ကြက်သွန်ဖြူတို့ကိုလည်း ပါးပါးလှီးထားပါ။ ပဲပြားကိုလည်း အနေတော် တုံးထားပါ။

၃။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ နှမ်းဆီနှင့် သကြားတို့ကို သမအောင် ရောမွှေလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်းတစ်ဇွန်းထည့်လိုက်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥနီတို့ထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၅။ မုန်ညှင်းရွက်ထည့်ပြီး ဆားထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ ၂ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၆။ ပဲပြားနှင့် ခေါက်ဆွဲတို့ထည့်ပြီးနောက် စောစောကမွှေထားသော ပဲငံပြာရည်တို့ကို လောင်းထည့်လိုက်ပါ။

၇။ နှစ်မိနစ်ခန့်ကြော်ပြီးနောက် ဆားထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်များ ထည့်လိုက်ပါ။

၈။ ထို့နောက် ခေါက်ဆွဲကြော်ကို ပန်းကန်ထဲထည့်ကာ မိမိနှစ်သက်ရာ အချဉ်တစ်မျိုးမျိုးဖြင့် တို့စားပေးလိုက်ပါ။

Source: Kitchenbowl.com