ရိုးရာအစားအစာများ ကြိုက်နှစ်သက်တဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ ဗီယက်နမ်ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ပဲပင်ပေါက် ပုစွန်ကြက်ဥလိပ်ဟင်းလျာ ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန်မုန့် ၂၀၀ ဂရမ်
  • ပုစွန် ၅၀၀ ဂရမ် (အခွံခွာပြီး ရေဆေးသန့်စင်ထားပါ)
  • ပဲပင်ပေါက် ၂၁၀ ဂရမ်
  • ကြက်ဥ ၂ လုံး
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ရေ စားပွဲတင်ဇွန်း ၄၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥများကို ဖောက်ထည့်ပြီးနောက် ဆန်မုန့်၊ နနွင်းမှုန့်၊ ရေ စားပွဲတင်ဇွန်း ၃၂ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် မွှေခလောက်ထားပါ။ ထို့နောက် မိနစ် ၃၀ ခန့် နှပ်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီ အနည်းငယ်ထည့်ပါ။ ထို့နောက် ပုစွန်ထည့်ပါ။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပါးပါးလှီးထားသော ကြက်သွန်ဖြူတို့ထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

ပုစွန်များ ကျက်သွားပါက ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၃။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥအရောအနှောများကို ဟင်းချက်ဇွန်းကြီးတစ်ဇွန်းစာခန့် ခပ်ယူပြီးနောက် ဒယ်အိုးထဲ ထည့်လိုက်ပါ။

ကြက်ဥ ထည့်ပြီးတာနဲ့ ချက်ချင်းဆိုသလို ပုစွန် စားပွဲတင်ဇွန်း ၃ ဇွန်းခန့်ကို ကြက်ဥပေါ် တင်လိုက်ပါ။ ထို့နောက် ပဲပင်ပေါက် လက်တစ်ဆုပ်စာခန့် ထပ်ပေါင်းထည့်ပါ။ ထို့နောက် အဖုံးအုပ်ထားပြီး တစ်မိနစ်ခန့် တည်ထားပါ။

(ကြက်ဥကို ထက်ခြမ်း လိပ်လိုက်မှာဖြစ်တဲ့အတွက်ကြောင့် ကြက်ဥ တစ်ခြမ်းကို နေရာလွတ်ထားပြီး ကျန်တစ်ခြမ်းမှာပဲ ပုစွန်နှင့် ပဲပင်ပေါက်တို့ ထားထားပါ။)

၄။ တစ်မိနစ်ပြည့်တဲ့အခါ ကြက်ဥကို ထက်ခြမ်း လိပ်ပြီးနောက် ၁ မိနစ်ခန့် ထပ်ကြော်ပါ။

ကြက်ဥမုန့်နှစ်များ ကုန်သွားသည်အထိ ထိုနည်းအတိုင်း ကြော်ပေးရပါမယ်။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပဲပင်ပေါက် ပုစွန်ကြက်ဥလိပ်ဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: Asianfoodnetwork.com