အားလုံးပဲ မင်္ဂလာပါ။ နိုင်ငံတကာအစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဗီယက်နမ်စတိုင်လ် ချက်ပြုတ်ထားတဲ့ အာလူး အမဲသားရောကြော်ဟင်းလျာ ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၉ အောင်စ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အာလူး ၂ လုံး (အခွံခွာထားပါ)

  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ခရမ်းချဉ်သီး ၁ လုံး
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (၂ လက်မအရှည် လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် အမဲသား၊ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဆိ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ကာ သမအောင် နယ်ပါ။

၂။ အာလူးများကို ခပ်ပါးပါးလှီးထားပါ။ ခရမ်းချဉ်သီးကို အနေတော်အတုံး လှီးဖြတ်ထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အာလူးများထည့်ကာ ၁၀ စက္ကန့် မွှေကြော်ပါ။ ထို့နောက် ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။

၄။ ထို့နောက် ရေ စားပွဲတင်ဇွန်း ၄ ဇွန်းခန့်ထည့်ကာ အာလူးများ နူးအိသွားသည်အထိ ၅ မိနစ်ခန့် တည်ထားပါ။ ထို့နောက် ကြက်သွန်နီများထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပါ။ ခရမ်းချဉ်သီးထည့်ကာ ၂ မိနစ်ခန့် မွှေပါ။

၅။ ခရမ်းချဉ်သီးများ နူးအိသွားပြီဆိုရင်တော့ ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း (သို့) ၁ ဇွန်းခွဲထည့်ပါ။ ပြီးရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၆။ ဒယ်အိုးကို သန့်စင်ပြီးတဲ့နောက်မှာတော့ ဆီ အနည်းငယ်ထည့်ပါ။ ကျန်ရှိနေသော ကြက်သွန်ဖြူများထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် အမဲသားထည့်ကာ ၈၀ ရာခိုင်နှုန်းခန့် ကျက်သွားသည်အထိ ကြော်ပါ။

၇။ ထို့နောက် စောစောက အာလူးကြော်များထည့်ပါ။ ငါးငံပြာရည်ထည့်ကာ သမအောင် မွှေကြော်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် ဖြူးထည့်ပြီးနောက်မှာတော့ မီးဖိုပေါ်က ချလိုက်လိုပရပါပြီ။ ပြီးမှ ကြက်သွန်မြိတ် ကြိုက်နှစ်သက်သူများအနေနဲ့ ကြက်သွန်မြိတ် ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူး အမဲသားရောကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Delightfulplate.com