အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဂေါ်ရခါးသီးနှင့် ပုစွန်ခြောက် ကြက်ဥကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကြက်သွန်ဖြူ ၂ မြွှာ (အခွံခွာပြီး နုပ်နုပ်စဉ်းထားပါ)
  • ပုစွန်ခြောက် စားပွဲတင်ဇွန်း ၈ ဇွန်း (ရေထဲတွင် ၁၀ မိနစ်ခန့် စိမ်ထားပါ)
  • ဂေါ်ရခါးသီး ၂ လုံး (အခွံခွာပြီး မီးခြစ်ဆံကဲ့သို့ အချောင်းလိုက် လှီးဖြတ်ထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ကြက်ဥ၊ ငရုတ်ကောင်းမှုန့်၊ ငါးငံပြာရည်နှင့် သကြားတို့ထည့်ကာ သမအောင် မွှေခလောက်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ ထည့်ပါ။

၃။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် ပုစွန်ခြောက်တို့ထည့်ကာ အနံ့မွှေးလာသည်အထိ မွှေကြော်ပါ။ ထို့နောက် ဂေါ်ရခါးသီးထည့်ကာ ၄ မိနစ်မှ ၆ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ဂေါ်ရခါးသီးများ နူးအိသွားပြီဆိုရင်တော့ ကြက်ဥများ လောင်းထည့်ကာ မီးအေးအေးဖြင့် ကြက်ဥများ ကျက်သည်အထိ ကြော်ပေးလိုက်ပါ။

၄။ မီးဖိုပေါ်က ချခါနီးမှာတော့ ကြက်သွန်မြိတ်များ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဂေါ်ရခါးသီးနှင့် ပုစွန်ခြောက် ကြက်ဥကြော်လေး ရရှိသွားပါပြီ။

Source: Vickypham.com