အသုပ်စုံ စားရတာ နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ ဗီယက်နမ်စတိုင်လ် ကြက်သားသုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၃၀၀ ဂရမ် (ပြုတ်ထားပါ)
  • မုန်လာဥနီ ၂ လုံး
  • ပင်စိမ်းရွက် လက်တစ်ဆုပ်စာခန့်နှင့် တရုတ်နံနံ တစ်စည်း
  • သံပုယိုရည် ၁၀၀ မီလီလီတာ
  • သကြား ၈၀ ဂရမ်

  • ဂေါ်ဖီထုပ် ၁ ခြမ်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်နီ တစ်လုံး
  • ငါးငံပြာရည် ၁၀၀ မီလီလီတာ
  • ငရုတ်သီးတောင့် ၁ တောင့် (နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားပြုတ်များကို အသားနွှင်ထားပါ။ (ဓားနဲ့ လှီးတာထက်စာရင် လက်နဲ့နွှင်တာက ကြက်သားရဲ့အရသာ တာရှည်ခံတာကြောင့် ပိုအရသာရှိပါတယ်)

၂။ ဂေါ်ဖီထုပ်နှင့် မုန်လာဥနီတို့ကို ပါးပါးလှီးထားပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီးနောက် ရေခဲတုံးများထည့်ထားသော ရေခဲရေထဲတွင် စိမ်ထားလိုက်ပါ။ (ရေခဲရေထဲမှာ စိမ်ထားပါက ကြက်သွန်နီရဲ့ ပြင်းထန်တဲ့အနံ့ကို လျော့နည်းစေနိုင်ပါတယ်)

၃။ ပန်းကန်လုံး တစ်လုံးထဲမှာ သံပုယိုရည်၊ သကြား၊ ငါးငံပြာရည်၊ ငရုတ်သီးတောင့်နှင့် ကြက်သွန်ဖြူ တို့ကို သမအောင် ရောမွှေထားပါ။ သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးရပါမယ်။

၄။ နွှင်ထားသော ကြက်သားများကို ပန်းကန်ထဲ ထည့်ပြီးတဲ့နောက်မှာတော့ စောစောကအချဉ်ရည် စားပွဲတင်ဇွန်း တစ်ဇွန်းကို ကြက်သားနှင့် ရောသုပ်လိုက်ပါ။

၅။ ထို့နောက် ကြက်သားပန်းကန်ထဲသို့ ဂေါ်ဖီ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ပင်စိမ်းရွက်နှင့် တရုတ်နံနံတို့ထည့်ကာ အချဉ်ရည်များ အားလုံးဆမ်းထည့်ပြီး သမအောင် သုပ်လိုက်ပါ။

အရသာ အပေါ့အငန်မြည်းစမ်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဗီယက်နမ်စတိုင်လ် ကြက်သားသုပ် တစ်ပွဲ ရရှိသွားပါပြီ။

Source: Asianfoodchannel.com