အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ စွပ်ပြုတ်ပူပူလေး သောက်သုံးချင်သူများအတွက် အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ပုစွန်အသားလုံး ရွှေဖရုံသီးစွပ်ပြုတ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁၀ ကောင် (အခွံခွာပြီးနောက် နုပ်နုပ်စသ်းထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (အခွံခွာပြီး ပါးပါးလှီးထားပါ)
  • ဆား၊ သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်စီနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ရွှေဖရုံသီး အလုံးသေး ၁ လုံး (၁ လက်မပတ်လည် တုံးထားပါ)
  • ဆား၊ သကြားနှင့် ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးသေးတစ်လုံးထဲတွင် နုပ်နုပ်စဉ်းထားသော ပုစွန်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ တစ်ဝက်ခန့်တို့ဖြင့် သမအောင် နယ်ပြီးနောက် ၁၅ မိနစ်ခန့် နှပ်ထားပါ။

၂။ အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကျန်ရှိနေသော ကြက်သွန်ဖြူများထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၃။ ထို့နောက် ရေထည့်ပြီးနောက် ဆူပွက်လာသည်အထိ တည်ပါ။

၄။ ဆူပွက်လာပြီဆိုရင်တော့ ရွှေဖရုံသီးများထည့်ကာ မီးအေးအေးဖြင့် ၁၀ မိနစ်ခန့် တည်ပါ။

၅။ ထို့နောက် နှပ်ထားသော ပုစွန်များကို အနေတော်အလုံး လုံးပြီးနောက် ဟင်းရည်အိုးထဲ ချက်ချင်းထည့်လိုက်ပါ။ မီးအေးအေးဖြင့် ၅ မိနစ်ခန့် တည်ပါ။

၆။ သတ်မှတ်ချိန်ပြည့်ပါက ဆား၊ သကြားနှင့် ပဲငံပြာရည်တို့ထည့်ကာ အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။

၇။ ထိုအဆင့်များ ပြီးသွားရင်တော့ မီးဖိုပေါ်က ချလို့ရပါပြီ။ ဟင်းချိုသောက်ခါနီးကျမှ ကြက်သွန်မြိတ်အနည်းငယ်နှင့် ငရုတ်ကောင်းမှုန့်အနည်းငယ် ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်အသားလုံး ရွှေဖရုံသီးစွပ်ပြုတ်လေး ရရှိသွားပါပြီ။

Source: Vickypham.com