အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ စွပ်ပြုတ် ကြိုက်နှစ်သက်သူများအတွက် ကျောက်ဖရုံသီး ဝက်သားလုံး စွပ်ပြုတ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေ ၂ လီတာ
  • ကျောက်ဖရုံသီး ၁ ပေါင် (အခွံခွာပြီး အနေတော်အတုံး တုံးထားပါ)
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ကြက်သွန်မြိတ် ၄ ပင် (၂ လက်မအရှည် လှီးဖြတ်ထားပါ)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ဝက်သားလုံး ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင်
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်သွန်ဖြူ ၃ မြွှာ (အခွံခွာထားပါ)

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဂျုံမှုန့်နှစ် (ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၄ ဇွန်းဖြင့် ရောမွှေထားပါ)
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားများကို အတုံးသေးသေး တုံးထားပြီးနောက် အသားကြိတ်စက်ထဲထည့်ပါ။ သကြား၊ ဆား၊ ငါးငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူနှင့် ဆီတို့ထည့်ကာ ၅ မိနစ်ခန့် ကြိတ်ပေးလိုက်ပါ။

၂။ ဂျုံမှုန့်နှစ်ထဲသို့ မုန့်ဖုတ်ပေါင်ဒါများ ရောထည့်ကာ သမအောင် မွှေပါ။ ရရှိလာတဲ့ ဂျုံမှုန့်နှစ်များကို ဝက်သားကြိတ်စက်ထဲထည့်ကာ ၅ မိနစ်ခန့် ထပ်ကြိတ်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲသို့ ပြောင်းထည့်ထားလိုက်ပါ။

၃။ ဒန်အိုးအကြီးတစ်လုံးထဲသို့ ရေ ၂ လီတာထည့်ကာ မီးပြင်းပြင်းဖြင့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

ရေက ပွက်ပွက်ဆူလာပြီဆိုရင်တော့ စောစောက နယ်ထားသော ဝက်သားများကို အနေတော်အလုံးသေးသေးခန့် လုံးပြီးနောက် ရေထဲ ထည့်ကာ မီးအေးအေးဖြင့် ၈ မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။

၄။ ထို့နောက် ကျောက်ဖရုံသီးများထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ ထို့နောက် သကြား၊ ငါးငံပြာရည်၊ ဆားတို့ထည့်ကာ အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။

မီးပိတ်ပြီးနောက် ကြက်သွန်မြိတ်လေး ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကျောက်ဖရုံသီး ဝက်သားလုံး စွပ်ပြုတ်လေး ရရှိသွားပါပြီ။

Source: Vickypham.com