အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပုစွန်ခြောက် ထည့်ကြော်ထားပြီး အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ပြောင်းဖူးကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန်ခြောက် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပြောင်းဖူး ၂ ဖူး
  • ကြက်သွန်မြိတ် ၄ ပင်
  • သံလွင်ဆီ
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ခြောက်များကို ပန်းကန်လုံးထဲ ထည့်ပါ။ ပုစွန်ခြောက်များ မြှုပ်သွားသည်အထိ ရေထည့်ကာ မိနစ် ၂၀ ခန့် စိမ်ထားလိုက်ပါ။

၂။ ပုစွန်ခြောက် ရေစိမ်ထားချိန်မှာ ပြောင်းဖူးစေ့များ ခြွေထားပါ။ ကြက်သွန်မြိတ်ကိုတော့ ဖြူသောအစိတ်အပိုင်းသပ်သပ် စိမ်းသောအစိတ်အပိုင်းသပ်သပ်စီကို ပါးပါးလှီးထားပါ။

၃။ ပုစွန်ခြောက်များ စိမ်ပြီးသွားတဲ့အခါမှာတော့ ငရုတ်ဆုံထဲ ထည့်ထောင်းထားလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ ထည့်ပါ။ ဆီပူလာပါက ပုစွန်ခြောက်များထည့်ကာ မွှေပေးလိုက်ပါ။ ပုစွန်ခြောက်များ ပူသွားပြီဆိုရင်တော့ ငါးငံပြာရည် ၁ ဇွန်းထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ပန်းကန်လုံးထဲ ပြော်ငးထည့်ထားပါ။

၅။ ထိုဒယ်အိုးထဲသို့ပင် ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထောပတ်များ အရည်ပျော်သွားပါက ကြက်သွန်မြိတ်ရဲ့ဖြူတဲ့အစိတ်အပိုင်းများထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ပြောင်းဖူး၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။

၆။ ပြောင်းဖူးများ ကျက်သွားပြီဆိုရင်တော့ ပုစွန်ခြောက်နှင့် ကြက်သွန်မြိတ်ရဲ့စိမ်းသောအစိတ်အပိုင်းများထည့်ကာ သမအောင် မွှေကြော်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်ခြောက် ပြောင်းဖူးကြော်လေး ရရှိသွားပါပြီ။

Source: Delightfulplate.com