မုန်လာဥကို ဟင်းချိုချက်စားဖူးတာကတော့ အမြဲအိမ်မှာတွေ့နေကျနေမှာပါ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ မုန်လာဥဖြူကို အသုပ်လေးဖြစ်အောင် သုပ်စားကြည့်ကြမယ်။
ပါဝင်ပစ္စည်းများ
- မုန်လာဥ – ၁ ဥ
- ကြက်သွန်နီ – ၂ လုံး (ပါးပါးလှီးထားပါ)
- မြေပဲလှော် (မညက်တညက် ထောင်းထားပါ)
- နှမ်းလှော် – အနည်းငယ်
- ကြက်သွန်နီဆီချက်
- ငရုတ်သီးစိမ်း – ၃ တောင့်
- နံနံပင် (ပါးပါးလှီးထားပါ)
- ကြက်သွန်နီကြော် – အနည်းငယ်
- ဆား – အနည်းငယ်
- သံပုရာသီး – တခြမ်း
- ငရုပ်ခြောက်တောင့်ကြော်
ပြုလုပ်နည်း
- မုန်လာဥကို အခွံခွါပြီး ဂျစ်နဲ့ ထိုးပါ ။
- ခြစ်ထားသော မုန်လာဥကို ရေတဲတွင် ဆားထည့်ရျ် စိမ်ထားပါ ။
- စားခါနီးမှ လက်နဲ့ဆုပ်ပြီး ရေစင်အောင် ညှစ်ပြစ်ပါ ။
- မုန်လာဥသုတ်မည့် ပန်းကန်ထဲတွင် ခြစ်ထားသော မုန်လာဥ ၊ ကြက်သွန်နီ ၊ နှမ်းလှော် ၊ မြေပဲလှော်ထောင်း ၊ ကြက်သွန်နီဆီချက် ၊ နံနံပင် ၊ ငရုတ်သီးစိမ်း ၊ အချိုမှုန့်တို့နဲ့ အတူ သံပုရာသီး တခြမ်းညှစ်ပြီး သုတ်စားလို့ ရပါတယ် ။
- အရသာ အပေါ့အငံမြည်းရျ် ကြက်သွန်နီကြော် ကို မုန်လာဥသုတ်ပေါ်မှ ဖြူးရျ် ငရုပ်ခြောက်တောင့်ကြော်နှင့်လည်း တွဲဖက်ရျ် သုံးဆောင်နိုင်ပါပြီ ။
MyFood Myanmar