ပုံမှန်အချိန်မှာကြားနေကျဖြစ်မယ့် မနက်စာကိုမပျက်မကွက်နဲ့ စားပေးရမယ်လို့ဆိုတဲ့ ပြောစကားကို ရိုးရိုးတန်းတန်း အကြံပေးချက်တစ်ခုအနေနဲ့ တွေးကောင်းတွေးမိနိုင်ပါတယ်။ မနက်စာကိုစားသုံးပေးခြင်းဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို လောင်စာဆီအနေနဲ့ ဖြည့်စွက်ပေးနိုင်တာကြောင့် မနက်စာကို မစားသုံးခြင်းဟာ ဆီမထည့်ထားတဲ့ကားကို စက်နိုးအောင်အတင်းကြိုးစားနေသလိုပါပဲ။ ဒါကြောင့် မနက်စာနဲ့ပတ်သက်လို့ ယနေ့အချိန်ထိ ပေါ့ပေါ့တန်တန် တွေးနေသေးတဲ့သူတွေအတွက် မနက်စာဟာ လူတစ်ယောက်အတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
မနက်စာစားသုံးခြင်းဖြင့် တစ်နေ့တာလုံး တက်ကြွစွာ လှုပ်ရှားသွားလာဖို့ လိုအပ်တဲ့စွမ်းအင်ကို ဖြည့်တင်းနိုင်တဲ့အပြင် ခန္ဓာကိုယ်မှမရှိမဖြစ်လိုအပ်တဲ့ ကယ်လ်စီယမ်၊ သံဓာတ်၊ ဗီတာမင်ဘီ၊ ပရိုတင်းနှင့် ဖိုက်ဘာတို့လို အာဟာရဓာတ်တွေကို မနက်စာက အရင်းအမြစ်တစ်ခုအနေနဲ့ အကောင်းဆုံးပေးစွမ်းနိုင်ပါတယ်။
ဒါ့အပြင် မနက်စာကို မှန်မှန်စားပေးတဲ့လူတွေဟာ အခြားသူများထက် အဝလွန်တဲ့ပြဿနာမှ ပိုမိုရှောင်ရှားနိုင်ကာ စိတ်ကူးအိပ်မက်ထဲက ကိုယ်ခန္ဓာအချိုးအစားကိုလည်း ပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်းများပါတယ်။ မနက်စာကို မစားမိတဲ့လူတွေအနေနဲ့တော့ နေ့လည်ခင်းလောက်ရောက်တဲ့အခါကျရင် သကြားဓာတ်ပါဝင်မှုများပြားပြီး အဆီဓာတ်ပိုမိုပါဝင်တဲ့ သရေစာတွေကို စားမိဖို့ အလားအလာတွေရှိပါတယ်။
ဒါ့အပြင် ဦးနှောက်ပုံမှန်အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်၊ ဂလူးကို့စ် ပမာဏတွေကို သိမ်းဆည်းပေးပါတယ်။ သုတေသီတို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ မနက်စာကို မပျက်မကွက်စားပေးခြင်းဖြင့် မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်နိုင်စွမ်းအားကို တိုးတက်စေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေတာကြောင့် ပိုမိုပျော်ရွှင်လာစေနိုင်မှာပါ။
မနက်စာကို စားသုံးခြင်းဟာ လူတိုင်းအတွက်အရေးကြီးတယ်ဆိုပေမယ့် ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေအတွက် အထူးပင်လိုအပ်ပါတယ်။ မနက်စာကို မှန်မှန်စားပေးတဲ့ ကလေးငယ်တွေဟာ စာသင်ချိန်တွေမှာ ပိုပြီးအာရုံစူးစိုက်နိုင်သလို ကစားချိန်တွေမှာလည်း ပိုပြီးသွက်သွက်လက်လက်နဲ့ ကစားနိုင်မှာဖြစ်ပါတယ်။
ဒီလိုမျိုး မနက်စာကို သတိတရနဲ့ ပုံမှန်စားပေးခြင်းဖြင့် ရရှိလာနိုင်တဲ့ အခြားသော အကျိုးကျေးဇူးတွေကတော့
၁။ စွမ်းအင်ပမာဏမြှင့်တင်ပေးခြင်း
၂။ ကိုယ်ခန္ဓာဇီဝဖြစ်စဉ်ကို တိုးတက်စေခြင်း
၃။ လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းပေးခြင်း
၄။ ကယ်လိုရီမြင့်မားတဲ့ သရေစာတွေမစားဖြစ်အောင် တားဆီးပေးခြင်း
၅။ သွေးချိုပမာဏကို တည်ငြိမ်မှုရှိစေခြင်း
၆။ မှတ်ဉာဏ်နှင့် အာရုံစူးစိုက်နိုင်စွမ်းအားကို တိုးမြှင့်ပေးခြင်း
၇။ စိတ်ခံစားချက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုတွေကို လေ ျှာ့ချပေးခြင်း
၈။ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းပေးခြင်း
တို့ပဲဖြစ်ပါတယ်။
အခုလိုမျိုး မနက်စာရဲ့ အရေးပါအရာရောက်ပုံတွေကို သိထားပြီးပြီဆိုရင်တော့ မနက်စာကို မှန်မှန်စားပေးဖို့ပဲ လိုပါတော့တယ်။ စားသုံးတဲ့အခါမှာလည်း ဖြစ်ကတတ်ဆန်း စားသုံးလို့မရပါဘူး။ အာဟာရသင့်တင့်မ ျှတတဲ့ အစားအသောက်တွေကို သေသေချာချာရွေးချယ်ပြီး စားသုံးပေးရပါမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာမှာ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်များ၊ ဂျုံ၊ ပြောင်း၊ ဆန်နဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေ၊ အဆီထုတ်ပြီးသားနို့ထွက်ပစ္စည်းတွေ စတဲ့ အစားအသောက်အစုံအလင်ပါဝင်ဖို့ လိုအပ်ပါတယ်။
ဒါပေမယ့်လည်း တစ်ခါတစ်လေမှာ အလုပ်ကိစ္စတွေ၊ အကြောင်းအရင်းအမျိုးမျိုးတွေကြောင့် ပြင်ဆင်ဖို့ အချိန်မပေးနိုင်တဲ့အခါမှာတော့ စိတ်သွားတိုင်းကိုယ်မပါ ဖြစ်လာရပြီပေါ့။ ဒီလိုအချိန်မျိုးတွေ ကြုံတွေ့လာတဲ့အခါ ပုံမှန်စားနေကြမနက်စာကို မပျက်မကွက်နဲ့ အလွယ်တကူစားသောက်နိုင်ဖို့ စူပါမားကတ်တွေကနေလည်း ကြိုပြီးတော့ဖြစ်ဖြစ် ဝယ်ပြီးစုဆောင်းထားနိုင်ပါတယ်။ ရေးကြီးသုတ်ပျာနဲ့ အပြင်သွားဖို့ အချိန်နီးနေပြီဆိုပေမယ့် မနက်စာကိုလည်း လွတ်သွားတယ်မရှိဘဲ စားသုံးနိုင်ပြီပေါ့။
မနက်စာကို အလွယ်တကူ စားသုံးနိုင်ဖို့ ဝယ်ယူစုဆောင်းချင်သူတွေအတွက် သတင်းကောင်းလေးတစ်ခုလည်း မ ျှဝေပေးချင်ပါတယ်။ marketplace by City Mart ဆိုင်ခွဲတိုင်းမှာ ကျင်းပပြုလုပ်နေတဲ့ “Breakfast Specials” ပရိုမိုးရှင်းအစီအစဉ်မှာ မနက်စာအနေနဲ့ စားသုံးနိုင်တဲ့ ကုန်ပစ္စည်းအမျိုးအစားပေါင်းများစွာကို တစ်နေရာတည်းမှာ အလွယ်တကူတွေ့ရှိနိုင်အောင် စီစဉ်ရောင်းချပေးနေပြီဖြစ်ပါတယ်။ ပရိုမိုးရှင်းအချိန်ကတော့ သြဂုတ်လ ၁ ရက်နေ့ကနေ ၃၁ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်လို့ အားလုံးပဲ အရောက်သွားလိုက်ကြပါအုံးလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်။









