အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ထမင်းပူပူလေးနဲ့ လိုက်ဖက်တဲ့ ကျောက်ဖရုံသီးဟင်းချိုလေးပဲဖြစ်ပါတယ်။

  • ပုစွန် ၅ ကောင် (အခွံခွာထားပါ)
  • ကြက်သွန်နီ ၁ ဥ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ပါးပါးလှီးထားသော ကြက်သွန်ီ ၁ ဥ
  • ရေ ၁ လီတာ
  • ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကျောက်ဖရုံသီး အလုံးသေး ၁ လုံး (အခွံခွာပြီး အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (၁ လက်မပတ်လည် လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်များကို ပါးပါးလှီးပါ။ ကြက်သွန်နီ ၁ ဥကိုလည်း ပါးပါးလှီးပြီးနောက် ပန်းကန်လုံးထဲ ပေါင်းထည့်လိုက်ပါ။ ထို့နောက် ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ပဲငံပြာရည်တို့ထည့်ကာ သမအောင် ရောနယ်ပါ။

၂။ စွပ်ပြုတ်အိုးကို အပူပေးပြီးနောက် ဟင်းသီးဟင်းရွက်ဆီ ထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။

၃။ ထို့နောက် ပုစွန်နှင့် ပဲငံပြာရည်အရောအနှောတို့ကို လောင်းထည့်လိုက်ပါ။ ပုစွန်များ ပန်းရောင် ပြောင်းသွားသည်အထိ မွှေပေးလိုက်ပါ။

၄။ ထို့နောက် ရေထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ပါ။ ဆူလာပြီဆိုရင်တော့ ဆား၊ သကြားတို့ထည့်ပါ။

၅။ ကျောက်ဖရုံသီးထည့်ပါ။ ကျောက်ဖရုံသီးများ နူးအိသွားသည်အထိ တည်ထားပါ။

ထို့နောက် ငရုတ်ကောင်းမှုန့်ထည့်ကာ အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်နှင့် ကျောက်ဖရုံသီးဟင်းချိုပူပူလေး ရရှိသွားပါပြီ။

Source: Vickypham.com