အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဝက်သားစဉ်းကော ကျောက်ဖရုံသီးရေလုံပြုတ်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ကျောက်ဖရုံသီးက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အပြင် အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေး ကောင်းမွန်စေကာ အမြင်အာရုံကို ကြည်လင်စေပါတယ်။ ကိုယ်အလေးချိန်လည်း လျော့ချပေးတဲ့အပြင် ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကျောက်ဖရုံသီးကို အရသာရှိအောင် ဝက်သားနဲ့ ဘယ်လိုရောချက်မလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၅၀၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း ၂ တောင့် (ပါးပါးလှီးထားပါ)
  • ကျောက်ဖရုံသီး တစ်လုံး၏ လေးစိပ်စိပ် တစ်စိပ် (အခွံခွာပြီး အနေတော်အတုံး တုံးထားလိုက်ပါ)

  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလု်ပနည်း အဆင့်ဆင့်

၁။ နုပ်နုပ်စဉ်းထားသော ဝက်သားကို ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ဖြင့် သမအောင် ရောနယ်လိုက်ပါ။

၂။ ထို့နောက် ထိုဝက်သားပန်းကန်ကို ပလပ်စတစ်ဖြင့် အုပ်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် ၂ နာရီခန့် နှပ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ထို့နောက် နှပ်ထားသော ဝက်သားများထည့်ကာ ကျက်သွားသည်အထိ ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ကျောက်ဖရုံသီးများထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာအပေါ့အငန် မြည်းစမ်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားစဉ်းကော ကျောက်ဖရုံသီးရေလုံပြုတ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Myreallifetips.com