အားလုံးပဲ မင်္ဂလာပါ။ ဖက်ထုပ်ပြုတ်၊ ဖက်ထုပ်ကြော် ကြိုက်နှစ်သက်သူများအတွက် ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့ အရသာရှိပြီး မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ ကြက်သွန်မြိတ် ချိစ်ဖက်ထုပ်ကြော် ပြုလုပ်နည်းလေး ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အသင့်လုပ် ဂျုံပြား ၁၂ ပြား
  • ဒိန်ခဲ ၁ အောင်စ
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင်

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။ ဒိန်ခဲများကို လေးထောင့်တုံးပုံသဏ္ဍာန် လှီးဖြတ်ထားပါ။

ဂျုံပြားပေါ်တွင် ဒိန်ခဲတင်ထားပြီးနောက် ကြက်သွန်မြိတ်အနည်းငယ် ဖြူးထည့်လိုက်ပါ။

ထို့နောက် ဂျုံပြားကို ယခုလိုမျိုး အဆင့်ဆင့် လိပ်ပေးလိုက်ပါ။

ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ကာ ဆီပူလာပါက ဖက်ထုပ်များ ထည့်ကြော်ပေးလိုက်ပါ။

ဖက်ထုပ်များ ရွှေညိုရောင်ပြောင်းသွားပါက ဒယ်အိုးထဲက ခပ်ထုပ်ပြီး ဆီစုပ်စက္ကူပေါ်တင်ထားလိုက်ပါ။

ဖက်ထုပ်များ အေးသွားပြီး ပိုလျှံနေသော ဆီများကို စက္ကူကစုပ်ယူပြီးသွားပါက ပန်းကန်ပြားထဲပြောင်းထည့်ကာ မိမိနှစ်သက်ရာ အချဉ်ဆော့စ်တို့ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: couponclippingcook.com