အားလုံးပဲမင်္ဂလာပါနော်။ နူးညံ့ပြီး စားရတာအရသာရှိတဲ့ ဖရုံသခွား ပန်ကိတ်ကြော်ပူပူလေး ကြော်နည်းကို မျှဝေပေးချင်ပါတယ်။

အရမ်းလည်းအရသာရှိတာမို့ စာဖတ်သူတို့လည်း ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ဖရုံသခွားသီး အနေတော် ၁ လုံး
  • ဆားအနည်းငယ်
  • ကြက်သွန်နီ အနည်းငယ်ပါးပါးလှီးပါ

  • ငရုတ်သီးအစိမ်း ၂တောင့် ပါးပါးလှီးပါ
  • ဂျုံမှုန့် ခွက်တစ်ဝက်
  • ကြက်ဥ ၁ လုံး
  • ဆီ

ဆော့စ်လုပ်ရန်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား အနည်းငယ်
  • ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ဖရုံသခွားသီးကို ခပ်ပါးပါးအရှည်လိုက်လှီးလိုက်ပြီး ဆားနဲ့ နယ်ထားလိုက်ပါ။ ၁၀ မိနစ်လောက်ထားလိုက်ရင် ရေထွက်လာမှာဖြစ်ပါတယ်။ ဒါဆို ရေကို ညှစ်ထုတ်လိုက်ပါ။

အရည်ကို ပန်းကန်တစ်ခုထဲထည့်ထားပါ။

ကြက်ဥကို ခလောက်ပြီး စောစောက ဖရုံသခွားသီးအရည်ရယ် ဂျုံမှုန့်ရယ် နဲ့ နယ်လိုက်ပါ။ ပြီးရင် ဖရုံသခွားသီးကိုပါ ထည့်နယ်လိုက်ပါ။ ကျန်တဲ့ ပါဝင်ပစ္စည်းကိုလည်း ရောလိုက်ပါ။ ရောလိုက်ရင် နယ်ပေးပါ။

ဆီကိုအပူပေးလိုက်ပြီး တစ်ဇွန်းချင်း ထည့်ကြော်ပေးလိုက်ပါ။

အိုးအရွယ်အစားပေါ်မူတည်ပြီး တခါကြော်ရင် ၃ ခု ၄ ခုလောက်ကြော်ပါ။ တစ်ဖက်ညိုလာရင် တစ်ဖက်ပြောင်းပါ။ ပြီးရင် ပူပူလေး သုံးဆောင်နိုင်ပါပြီ။

ဖရုံသခွား ပန်ကိတ်ကြော်

ဆော့စ်လုပ်မယ့် ပါဝင်ပစ္စည်းတွေကို အတူတူရောလိုက်ပြီး တို့စားပေးပါ။

Source: www.koreanbapsang.com

By: MyFood Myanmar