ပါဝင်ပစ္စည်းများ

ကကတစ် – (၁)ကောင်

ဆားငံစေ့ – အနည်းငယ်

ဂျပန်တို့ဟူး – (၁)ထုပ်

ဂျပန်မှိုခြောက် – (၃)ခု

ခရမ်းချဉ်သီး – (၁)လုံး

ငရုတ်သီးစိမ်း – အနည်းငယ်

ကြက်သွန်ဖြူ – (၄)မွှာ

ဂျင်း – (၁)တက်

ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း(၁)ဇွန်း

ငံပြာရည် – လက်ဖက်ရည်ဇွန်း(၂)ဇွန်း

သကြား – အနည်းငယ်

ကြက်သွန်မြိတ် – အနည်းငယ်

အရသာမှုန့် – အနည်းငယ်

ဆား – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

ကကတစ်ငါးကို အကောင်လိုက် ကြေးခွံချွတ်၊ ဗိုက်ဖောက်ကာ ရေစင်အောင် ဆေးပြီး အရသာမှုန့်၊ ဆားအနည်းငယ်ဖြင့် နယ်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် တစ်နာရီခန့် နှပ်ထားပါ။

ဂျပန် တို့ဟူးကို အတုံးလေးများ တုံး၍ ဂျပန်မှိုခြောက်ကို ရေစိမ်ပြီး အရှည်လိုက် လှီးပါ။

ခရမ်းချဉ်သီးကို လေးစိတ်စိတ်၍ ငရုတ်သီးစိမ်းနှင့် ဂျင်းကို အချောင်းလေးများလှီးပါ။

ကြက်သွန်ဖြူကို မညက်တညက် ထောင်းထားပါ။ ထို့နောက် ပဲငံပြာရည်အကြည်၊ ငံပြာရည်၊ သကြားတို့ကို ထည့်၍ မွှေထားပါ။

ပန်းကန်လုံး တခုထဲတွင် ရေအနည်းငယ် ထည့်၍ ဆားငံစေ့များ ထည့်ကာ ချေပါ။

ထို့နောက် ပါဝင်ပစ္စည်းများ အားလုံးနှင့် ဆားငံစေ့ဆော့စ်ကို ရော၍ မွှေပေးပြီး၊ ငါးအပေါ်သို့ လောင်းချကာ ရေနွေးငွေ့ပေါင်းခံအိုးထဲတွင် (၃၀)မိနစ်ခန့် ပေါင်းပေးပါ။

ငါးအသားကျက်လျှင် မီးဖိုပေါ်မှချကာ ကြက်သွန်မြိတ်အုပ်၍ ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။

Credit: Ei’s Cooking Diary