ရိုးရိုးခေါက်ဆွဲသုပ်ကြီးလည်းမစားချင်ဘူး ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်ချင်တယ်ဆိုရင်တော့ Peanut Sauce လေးနဲ့သုပ်ထားတဲ့ ထိုင်းစတိုင် ခေါက်ဆွဲသုပ်လေး သုပ်စားကြည့်ပါ။ သူ့မှာသုံးတဲ့ Peanut Sauce က ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအရွက်တွေနဲ့ ပေါင်းထားတာပါ။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲခြောက် ၆ အောင်စ (ဆန်ညိုခေါက်ဆွဲ၊ ထိုင်းစတိုင်ဆန်ခေါက်ဆွဲ၊ ဆိုဘ ခေါက်ဆွဲ၊ linguini)
  • ခြစ်ထားတဲ့ အနီရောင် ဂေါ်ဖီထုပ် ၊ မုန်လာဥနီ နဲ့ မုန်လာဥဖြူ 4 ခွက်
  • ငရုတ်ပွအနီ ၁ တောင့် ( ပါးပါးလှီးထားပါ )
  • ကြက်သွန်မြိတ် ၃ တောင့် ( ပါးပါးလှီးထားပါ )
  • လှီးထားတဲ့ Cilantro ၁/၂ တောင့် (သို့မဟုတ် ) ပင်စိမ်းနဲ့ ငရုပ်ကောင်းမှုန့်
  • ငရုတ်သီးအစိမ်းတောင် နည်းနည်း ( ပါးပါးလှီးထားပါ )
  • ထောင်းထားတဲ့ မြေပဲ ၁/၂ ခွက်

Thai Peanut Sauce ပြုလုပ်ရန်

      • ဂျင်း နည်းနည်း ( ပါးပါးလှီးထားပါ )
      • ကြက်သွန်ဖြူ ၂ မွှာ
      • မြေပဲထောပတ် 1/2 ခွက်
      • လိမ္မော်သီးဖျော်ရည် ၁/၂ ခွက် (အကြမ်းဖျင်း လိမ္မော်သီးကြီး ၁ လုံး)
      • သံပရာရည် 1/3 ခွက် (သံပုရာသီး 2 လုံးခန့်)
      • ပဲငံပြာရည် 1/4 ခွက် သို့မဟုတ် GF Braggs Liquid Amino Acids
      • ပျားရည် သို့မဟုတ် Maple ၁/၃ ခွက်
      • နှမ်းဆီ ၁/၄ ခွက်
      • 1 – 1 1/2 လက်ဖက်ရည်ဇွန်း cayenne ငရုတ်ကောင်း (သို့မဟုတ် sriracha ဆော့စ်မှုန့်)
      • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

ခေါက်ဆွဲထုတ်ပေါ်က ညွှန်ကြားချက်အတိုင်း ခေါက်ဆွဲပြုတ်ပါ။ နူးလာပြီဆိုရင် ရေအေးအောက်မှာ ရေစင်အောင်ဆေးပြီး အအေးခံပါ။

ခေါက်ဆွဲပြုတ်နေချိန်မှာ Peanut Sauce လုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကို Blender သုံးပြီး သမအောင်မွှေပါ။

နုတ်နုတ်စင်းထားတဲ့ အသီးအရွက်တွေ၊ ငရုတ်ကောင်း၊ ကြက်သွန်မြိတ်တို့ကို ပန်းကန်လုံးထဲထည့်ထားပါ။ ခေါက်ဆွဲအေးများကို ပန်းကန်လုံးထဲသို့ ထည့်ပြီး ရောမွှေပေးပါ။ အပေါ်ကနေ Peanut Sauce လောင်းပြီး သုပ်စားလိုက်ပါ။