Recipes | အကြော် - Fried

ကိုရီးယား စတိုင်ငါးကြော်နှင့် ကိုရီးယားဆော့ (Yangnyeomjang)

January 19, 2016

ကိုရီးယား စတိုင်ငါးကြော်နှင့် ကိုရီးယားဆော့ (Yangnyeomjang)

Share this on:

ပါဝင်ပစ္စည်းများ

  • ငါး
  • ပြောင်းဖူးဖလာဝါး (Corn Flour)
  • ဆီ
  • ပဲငံပြာရ်အကြည် Soy Sauce - ၄ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်မြိတ် - (အနည်းငယ်)
  • ကြက်သွန်ဖြူ - ၂ မွှာ
  • ငရုပ်သီးအစိမ်းအတောင့်ရှည် - ၁ တောင့်
  • ကိုရီးယားငရုပ်သီးမှုန့် - ၁ဇွန်း (စားပွဲတင်ဇွန်း)
  • သကြား - ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • နှမ်းဆီ - (အနည်းငယ်.)
  • နှမ်း - (အနည်းငယ်)

ပြုလုပ်နည်း

  1. Yangnyeomjang ဆော့ပြု လုပ်ပုံ - ပန်းကန်လုံး တစ်ခုထဲတွင် အမှတ်စဉ် ၄ မှ ၁၁ထိ ပါဝင် ပစ္စည်းများကို အချိုးအစား အတိုင်းထည့်ပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။ ကြက်သွန်ဖြူ ကိုနုပ်နုပ်စဉ်းပြီး ငရုပ်သီးစိမ်းကိုပါ ခပ်နုပ်နုပ်စဉ်း၍ ပါဝင်ပစ္စည်းများ အားလုံးကို ရောကာဆော့ ပြုလုပ်ထားပါ။
  2. ငါးကို Snapper Fish (ပင်လယ်ငါးတစ်မျိုး) ပဲဖြစ်ဖြစ်၊ Tilapia (တိလားပီးယား) ငါးပဲဖြစ်ဖြစ် အသုံးပြု လို့ရပါတယ်။
  3. ပထမဦးစွာ ငါးတစ်ကောင်လုံးကို အကြေးခွံချွတ် ဗိုက်ခွဲပြီး ရေစင်အောင်ဆေးပြီး ဟိုဘက်ဒီဘက် ဓားဖြင့်မွှန်းပါ။
  4. ပြီးနောက် ငါးတစ်ကောင်လုံး အနှံ့ ပြောင်းဖူးဖလာဝါး (Corn Flour) ဖြင့် အနှံ့လူးပြီး ဆီများများဖြင့် ဟိုဘက်၊ ဒီဘက်လှန်၍ ကြော်ပါ။ရွှေဝါရောင် သမ်းလာပါက ဆယ်ပြီး ဆီစစ်ထားပါ။
  5. အသင့်ကြော် ထားသည့် ငါးပေါ်သို့ ဆော့ကို လာင်းချကာ အရသာရှိစွာ စားသုံးနိုင်ပါသည်။ ကိုရီးယားစတိုင် (Yangnyeomjang) ဆော့နှင့် ငါးကြော်ဖြစ်ပါသည်
Credit: ဇွဲသုသု

Review

User Rating

5 (1 Votes)