ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး ၁၂ လုံး (ပါးပါးလှီးထားပါ)
  • ပုဇွန်ငပိ ၃ ဇွန်း (ထမင်းစားဇွန်း) + ငပိရည် ၂ ဇွန်း
  • ကြက်သွန်နီ အကြီး ၃ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ ၇ မွှာ (ထောင်းထားပါ)
  • ခရမ်းကြွတ်သီး ၆ လုံး (၄စိတ် စိပ်ပါ)

  • ငရုတ်ခြောက်တောင့် ၈ တောင့် (ထောင်းထားပါ)
  • နနွင်းမှုန့် အနည်းငယ်
  • ငရုတ်သီးစိမ်း ၁၀ တောင့်
  • ဆီ ၅ ကျပ်သား

  • ဆား အနည်းငယ်
  • နံနံပင်

ပြုလုပ်နည်း

ဒယ်အိုးထဲတွင် ဆီကိုပူအောင်တည်ပြီး ထောင်းထားသော ကြက်သွန် နှင့် ကြက်သွန်ဖြူ များကို ဆီသတ်ပါ။

ကြက်သွန်အရောင် ပြောင်းပြီး အနံ့မွှေးလာလျှင် လှီးထားသော ခရမ်းချဉ်သီး ၊ ဆား ၊ နနွင်းမှုန့်နှင့် ထောင်းထားသော ငရုတ်နှစ် ကိုထည့်ပါ။

ခရမ်းချဉ်သီး ညှိုးသွားလျင် ပုဇွန်ငပိဖျော် နှင့် ငပိရည်ကျို ထည့်ပြီး ၊ ရေနွေးတခွက်ခန့် ကိုလည်း ထည့်၍ ဟင်းအနှစ်ဖြစ်အောင် မီးမီးအေးအေးနှင့် တည်ပြီး မကြာခဏ မွှေပေးပါ။

ပြီးလျင် ခရမ်းကြွတ်သီး နှင့် ငရုတ်သီးစိမ်းကို ချိုးပြီးထည့်ပါ။

ခရမ်းကြွတ်သီးများ နူးသွားလျင် အရသာ အပေါ့အငံ မြည်း၍ တို့စရာနှင့် တွဲ၍ သုံဆောင်နိုင်ပါပြီ။

အချိုမှုန့်၊ ကြက်သားမှုန့် လုံးဝမပါပါ။ မိမိနှစ်သက်က ထည့်နိုင်ပါသည်။

MyFood Myanmar