ဂဏန်း - Crab | ယိုးဒယား - Thai | အသီး - Fruits | အသုပ် - Salad

ဂဏန်းလက်မ သင်္ဘောသီးထောင်း (ဆွမ့်တမ်ပူမ)

January 2, 2016

ဂဏန်းလက်မ သင်္ဘောသီးထောင်း (ဆွမ့်တမ်ပူမ)

Share this on:

ပင်လယ်စာ နဲ့  ဂဏန်း ကြိုက်သူတွေ အတွက် အရမ်းကို အရသာရှိတဲ့ သင်္ဘောသီး ထောင်းပါ။ ဂဏန်းအစိမ်း
ထည့်ရင် ပုဇွန် အစိမ်းသုတ်လို အရသာပါ။

ဂဏန်းလက်မ သင်္ဘောသီးထောင်း – ၁ပွဲစာ (ဆွမ့်တမ်ပူမ)

ပါဝင်ပစ္စည်းများ

  • သင်္ဘောသီး ခြစ် – လက် တဆုပ်စာခန့်
  • မုန်လာဥနီခြစ် - သင်္ဘောသီး ခြစ်ရဲ့ ငါးပုံတစ်ပုံခန့် 
  • ဂဏန်း အကောင်ကြီးကြီး - ၁ ကောင်
  • ပဲတောင့်ရှည် – ၁ တောင့်
  • ခရမ်းချဉ်သီး – ၁ လုံး
  • သံပုရာသီး – ၁ လုံး
  • ထန်းလျက်ခဲ – ၂ ခဲ
  • ပုဇွန်ခြောက် – ၁ ဇွန်း (ထမင်းစားဇွန်း)
  • မြေပဲဆားလှော်- ၁ ဇွန်း (ထမင်းစားဇွန်း)
  • ငရုတ်စိမ်းတောင့် နှင့် အနီတောင့် - ၃ တောင့် (မိမိနှစ်သက်သလို)
  • ကြက်သွန်ဖြူ – ၂ တက် (အခွံမချွတ်ရသေးတာပိုမွှေးပါတယ်)

ပြုလုပ်နည်း

  1. ဂဏန်း တစ်ကောင်ကို ရေ သေချာဆေး ပြုတ်ပြီး စားလို့ အဆင်ပြေရုံ ထုထောင်းထားပါ။
  2. အစိမ်း ကြိုက်တတ်ရင် ပြုတ်စရာမလိုပါ။ ဂဏန်းက လတ်ဆတ်ဖို့ တော့လိုပါတယ်။
  3. သင်္ဘောသီးကို ခြစ်ထားပါ။ ကျွတ်ကျွတ်လေးနဲ့ တောင့်တောင့်လေး စားချင်ရင်တော့ စိတ်ရှည်ရှည်နဲ့ အမျှင် သေးသေးလေးဖြစ်အောင် လှီးထားပါ။
  4. သင်္ဘောသီးမျှင်တွေကို ရေခဲရေစိမ်ထား သို့ မဟုတ် ရေခဲသေတ္တာထဲ ၁နာရီလောက်ထည့်ထားပါ။ ပွဲပြင်ဆင်တော့မယ်ဆို
  5. ငရုတ်ဆုံထဲထမ်းလျက်ခဲတွေကြေအောင်အရင်ထောင်းပါ။ ပြီးနောက်ဖယ်ထားပါ။
  6. နောက် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် အနီတောင့်တွေကို မညက်တညက်လေး ထောင်းထားပါ။
  7. သံပုရာသီးကို အူတိုင်ထုတ်၊ ၃ စိတ်လှီးပြီး အရည်ရော သံပုရာသီး အခွံတွေပါ ထည့်ထောင်းပါ။ ခုနက ဖယ်ထားတဲ့ ထန်းလျက်ခဲအကြေတွေထည့်ပါ။ ဂဏန်းတွေကို ထည့်ပါ။ သံပရာရည်နဲ့ သမအောင်မွေပေးခြင်းဖြင့် အသားတွေကျက်ပါလိမ့်မယ်။
  8. ပဲတောင့်ရှည်ကို လက်တဆစ်ခန့် ဖဲ့ခြွေ၊ ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းလှီးထည့်ပါ။ ပုဇွန်ခြောက်ထည့်ပါ။
  9. လက် တဘက်က ဇွန်းကိုင်၊ တဘက်က ကျည်ပွေ့ကိုင်ပြီး အားလုံးကို ထောင်းရုံပြု (ပွတ်ချေ) ပေးပါ။ နောက်ဆုံး ခြစ်ထားတဲ့ သင်္ဘောသီါး်  နဲ့ မုန်လာဥနီတွေ ထည့်ပြီး သမသွားအောင် ပွတ်ချေ ပေးပါ။
  10. နုံ့ ပြီဆို မြည်းကြည့်ပါ။  အပေါ့အ ငံလိုချင်တဲ့ အတိုင်း ဆား၊ ငါးငံပြာရည်၊ အချိုမှုန့် နှစ်သက်ရာထည့်ပါ။ နောက်ဆုံးမှာ မြေပဲဆားလှော် အခွံချွတ် ထားတာလေးတွေ ဖြူးထည့်ပါ။
  11. ရေခဲစိမ် ထားတဲ့ ကန်စွန်း ရိုးနီ၊ ပဲတောင့်ရှည်၊ ဂေါ်ဖီထုပ် လတ်လတ် ဆတ်ဆတ် လေးတွေနဲ့ တွဲဖက် စားသုံး ကြည့်ရင် အရသာထူးတဲ့ ဂဏန်း သင်္ဘောသီး ထောင်း စစ်စစ်ကို စားနိုင်ပါပြီ။  (ထိုင်းလူမျိုးတွေက သင်္ဘောသီးထောင်းကို ကောက်ညှင်းပေါင်း၊ ကြက်ကင် (သို့) ကြက်ကြော်တို့နဲ့ တွဲဖက် စားသုံးလေ့ ရှိကြပါတယ်။)
Credit: Thailand Go ထိုင်းနိုင်ငံမှာလည်ကြမယ်

Review

User Rating

0 (0 Votes)