အသုပ်ကြိုက်တဲ့သူတွေအတွက် ထိုင်းစတိုင်လ် ကြက်သားသုပ် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆန် – စားပွဲတင်ဇွန်း ၃ ဇွန်းထည့် လှော်ပေးရပါမယ်။ သံပုရာရွက် (သို့) သံပယိုရွက်လေး တစ်ရွက်ထည့်ပြီး လှော်ပေးပါ။ လှော်ပြီးရင် ငရုပ်ဆုံထဲ ထည့်ထောင်းပါမယ်။ ဒါဆိုရင်တော့ ဆန်မှုန့် ရသွားပါပြီ။

ကြက်သား – ၁၅၀ ဂရမ်ကို နုတ်နုတ်စင်းပါမယ်။

ဒယ်အိုးထဲကို ရေနည်းနည်းလေးထည့်ပြီး နုတ်နုတ်စင်းထားတဲ့ ကြက်သားတွေထည့် ကြော်ပါမယ်။ ဆီလုံးဝထည့်စရာမလိုပါဘူး။

ကြက်သားနူးရင် ကြက်သွန်နီ – ၁ လုံးကို လှီးထည့်ပါမယ်။ ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ ထည့်ပါမယ်။ သံပုရာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ပြီးမွှေပါမယ်။ ခုနက ထောင်းထားတဲ့ ဆန်မှုန့်တွေကို စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်းစာလောက် ထည့်ပါမယ်။

လှီးထားတဲ့ ကြက်သွန်မြိတ် – အနည်းငယ်ကိုလည်း ထည့်ပါမယ်။ ရှမ်းနံနံ – ၄ ရွက်ကိုလည်း လှီးထည့်ပြီး မွှေပါမယ်။ အားလုံးလည်းသမသွားပြီဆိုရင်တော့ ပန်းကန်ထဲ ခူးထည့်လို့ရပါပြီ။

ပန်းကန်ထဲကို ဂေါ်ဖီ၊ ငရုပ်သီး စတဲ့ ကိုယ်စားချင်တာတွေထည့်ပြီး ကြက်သားသုပ်ကိုထည့်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ကြက်သားသုပ်ကို ရရှိသွားပါပြီ။ အစပ်ကို တစ်ခါထဲထည့်သုပ်တာမျိုးမဟုတ်တော့ အစပ်မစားတဲ့သူတွေလည်း စားလို့အဆင်ပြေတာပေါ့။

Source: www.pailin’skitchen