Recipes | အသုပ် - Salad

ဂျင်းသုပ်

March 7, 2016

ဂျင်းသုပ်

Share this on:

ဂျင်းသုပ်ဆိုတာ မြန်မာလူမျိုး အတော်များများ နှစ်သက်ကြတဲ့ အစားအစာပါ ။ ပုံမှန်အားဖြင့်တော့ အများစုက နှစ်ပြန်ကြော်များများ ၊ ပဲမှုန့်များများ ဆီများများ နဲ့ သုပ်ကြပါတယ် ။ ကျမကတော့ ဆီများတာ မကြိုက်သူမို့ ပဲမှုန့်ကို လျှော့ထည့်ပြီး ဆီအနည်းငယ်ပဲ သုံးထားပါတယ် ။ Juicy ဖြစ်စေတဲ့ ခရမ်းချဉ်သီး နဲ့ ရှောက်သီး ကိုလည်း များများသုံး ထားပါတယ် ။ နှစ်ပြန်ကြော်တွေဟာ ပြည့်ဝဆီတွေများပြီး အစာကြေခဲတာမို့ ကျမကတော့ အနည်းငယ်ပဲ ထည့်ပါ နယ်နော် ။

လိုအပ်သောပစ္စည်းများ

  • အချဉ်စိမ်ထားတဲ့ ဂျင်းအမျှင်များ - တစ်ခါသုပ်စာ
  • ခရမ်းချဉ်သီး - ၁ လုံး
  • ကြက်သွန်နီ - ၁ ခြမ်း
  • ငရုတ်သီးစိမ်း - ၃ တောင့်
  • ပဲကြမ်းကြော် - အနည်းငယ်
  • နှမ်း လက်ဖက်ရည်ဇွန်း - ၁ ဇွန်း
  • ကြက်သွန်ဖြူကြော် - လက်ဖက်စည်ဇွန်း ၂ ဇွန်း
  • ရှောက်ရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ယိုးဒယားငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား - လက်ဖက်ရည်ဇွန်း ၁ ဝက်

ပြုလုပ်နည်း

  1. ခရမ်းချဉ်သီးကို ခပ်ပါးပါး လှီးထားပါ ။
  2. ကြက်သွန်နီကို ခပ်ပါးပါး လှီးထားပါ ။
  3. ငရုတ်သီးစိမ်းကို နုတ်နုတ်စင်း ထားပါ ။
  4. ပန်းကန်လုံးထဲမှာ ဖော်ပြထားတဲ့ တန်ဆာ ပလာများ အားလုံးကို အရသာများ ထည့်ပြီး ရောနယ်ပါ ။
  5. ဂျင်းသုပ်ကို ရေနွေးကြမ်း ပူပူ ထမင်းပူပူ တို့ဖြင့် တွဲဖက် စားသုံးပါက အင်မတန် လိုက်ဖက်ပါတယ် ။
  6. အရသာ ထူးကဲစေမယ့် သကြား အနည်းငယ် ထည့်သုပ် ကြည့်ဖို့လည်း မမေ့ပါနဲ့ ။
  7. ပဲမှုန့် မထည့်ဘဲ သုပ်စား လို့လည်း ကောင်းပါတယ် ။
Credit: Warr Tee

Review

User Rating

0 (0 Votes)