ပါဝင်ပစ္စည်းများ

  • ရှမ်းဆန် ၄ဗူး (နို.ဆီဗူး )
  • နှစ်သက်ရာငါး ၄၀ ကျပ်သား
  • ခရမ်းချဉ်သီး( ကိုင်းသီး) ၃၀ ကျပ်သား
  • အာလူး ၂၀ ကျပ်သား
  • ရှမ်းပဲပုပ်ပြား ၆ ချပ်
  • ဆား
  • ပာင်းခတ်မှုန် သင့်ရုံ

တွဲဖက်စားရန်

  • ကြက်သွန်ဖြူ ၁၀ တက် ( ထောင်းပြီးနနွင်းမှုန်.၊အရောင်တင်နှင့်ဆီသတ်ထားရန်)
  • ငရုတ်သီးခြောက်တောင့်ကြော်
  • ဂျူးမြစ်
  • ဆလတ်ရွက်
  • မြေပဲကြော်
  • တို့ပာူးကြော်( သို.) တို့ပာူးခြောက်ကြော်
  • ပာင်းချိုရည်တစ်မျိုး

ပြုလုပ်နည်း

ပထမဆုံးထမင်းကို အနေတော်ဖြစ်အောင် ချက်ပြီးအအေးခံထားပါ။

ငါးကို ရဆေး သန့်စင်ပြီး ဆား၊ ဟင်းခတ်မှှုန့် နှင့် နယ်ကာ ရေအနည်းငယ် ထည့်ပြီး ခမ်းအောင်ပြုတ်ပါ။

အအေးခံပြီး အသားချည်း ပဲနွှင်ယူထားပါ။

အားလူးကိုပြုတ်၊ အခွံခွာပြီး ပါးပါး(သို့) ကြေအောင်လှီးထားပါ။

ခရမ်းချဉ်သီးကို နနွင်းမှုန်. အရောင်တင်ထည့်ပြီး ရေပါသည် ဆိုရုံလောက်လေး ပြုတ်ပြီး ဇခါတစ်ခုနှင့် အနှစ်တိုက်ယူထားပါ။

ရှမ်းပဲပုတ်ပြားကို မီးအေးအေး (သို့) ပေါင်မုန့်ကင်တဲ့ စက်မှာအနိမ့်ဆုံး အပူချိန်နဲ့ မီးဖုတ်ပြီး မှှုန့်နေအောင် ထောင်းထားပါ..။

အားလုံး အဆင်သင့်လည်းဖြစ်၊ တွဲဖက် စားသုံးမယ့် အရာတွေလည်း အဆင်သင့် ဖြစ်ပြီဆိုရင် ငါးထမင်းနယ်လို့ရပါပြီ။

ဇလုံကြီးကြီးတစ်ခုမှာ ပါဝင်ပစ္စည်းအားလုံးကို ရောထည့်ပြီး ဆား ၊ပာင်းခတ်မှုန့် အနည်းငယ်တို့ နှင့် အရသာဖြည့်ပြီး နှံ့နေအောင်နယ် ပေးရပါမယ်။

လက်သီးဆုပ် အရွယ်လေးများ လုံးပြီး မသိမသာပြန် ဖိပေးပြီး ငှက်ပျောဖက်ခင်းထားတဲ့ ပန်းကန်ထဲမှာထည့်ပြီး ကြက်သွန်ဖြူဆီချက်လေး ဆမ်းကာ တွဲဖက် ပစ္စည်းများနှင့် အတူ သုံးဆောင်လို့ရပါပြီ။