ငါးနီတူ သရက်သီး ငါးပိ အစပ်ချက်

Share this on:

ငါးနီတူ သရက်သီး ငါးပိ အစပ်ချက်.ingridents 2016-03-27 at 9.43.45 pm

 

ပါဝင်ပစ္စည်း

  • ငါးနီတူ - လက်တစ်ဆုတ်ခန့် (ခေါင်းဖြုတ်ရေခနစိမ်ထားပါ)
  • သရက်သီး - ၄ လုံး (အခွံသင်အစေ့ဖယ်မထူမပါးလှီးပြီးဆားရည်စိမ်ထားပါ)
  • ကြက်သွန်နီ - ၁ လုံး(ပါးပါးလှီး)
  • ခရမ်းချဉ်သီးမှည့်မှည့် - ၁လုံး
  • ကြက်သွန်ဖြူ - ၁ လုံး (ထောင်းထားပါ)
  • ဆီ - ၂ ကျပ်ခွဲသား
  • ဆား - ၁ လက်ဖက်ရည်ဇွန်း
  • ငရုတ်သီးစိမ်း - ၁၅ တောင့် (ထောင်းထားပါ)
  • အရောင်တင်မှုန့် - အနည်းငယ်
  • နနွင်းမှုန့် - အနည်းငယ်
  • ငပိစိမ်းစား - ၁ ဟင်းစားဇွန်း

ပြုလုပ်နည်း

  1. ဒယ်အိုးထဲ ဆီပူလာလျှင် ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ဆီသပ်ပြီး နွမ်းလာလျှင် နနွင်းမှုန့် ၊ အရောင်တင်မှုန့် ထည့်ပါ ။
  2. ခရမ်းချဉ်သီး ထည့်မွှေပေးပြီး အိလာလျှင် ငါးနီတူထည့် ၊ ငပိ စိမ်းစားထည့်ပါ ။
  3. ငပိနံ့ ပျောက်လျှင် သရက်သီး ထည့် ၊ ရေသင့်ရုံထည့်ပြီး အဖုံး အုပ်ထားပါ ။
  4. ခဏကြာလျင် သရက်သီးလေးများအိလာလျှင် ငရုတ်သီးထောငိး ထားတာထည့် ၊  နံနံပင်အုပ် မီးပိတ်လို့ ရပါပြီ ။ အနံ့ အရသာနှင့် ပြည့်စုံလှတဲ့ ချိုချဉ်ငံစပ် အရသာ နှင့် ရာသီစာ ဟင်းလေး တစ်ခွက် ရပါပြီ ။
Credit: Soe Cooking Collection

Review

User Rating

4.5 (2 Votes)