ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၅ လုံး
  • ဆူးပုတ်ရွက် အကြီး ၁ စည်း (ခြွေထားပါ)
  • ကြက်သွန်နီ တခြမ်း (ထူထူလှီး ထားပါ)
  • ခရမ်းချဉ်သီး ၁ လုံး (ထူထူလှီး ထားပါ)
  • ဆီ အနည်းငယ်
  • ဆား အနည်းငယ်
  • ငရုတ်သီးစိမ်း

ပြုလုပ်နည်း

ဒယ်အိုးထဲတွင် ဆီ အနည်းငယ် ထည့်၍ ကြက်သွန်နီ နှင့် ခရမ်းချဉ်သီးကို ထည့်ကြော်ပါ။

ပြီးလျင် ကြက်ဥ နှင့် ဆားကို ထည့်၍ မွှေပါ။

ကြက်ဥ ကျက်သွားလျင် ဆူးပုတ်ကို ထည့်၍ နှံ့စပ်အောင် နယ်ပြီး အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။

အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။