ထမင်းပေါင်း

Share this on:

ပါဝင်ပစ္စည်းများ

  • ဝက်၊ ကြက် ၁၅သား
  • မုန်လာဥနီ ၁တောင့်
  • မုန့်ညှင်းထုပ် ၂၀သား
  • ရွှေပဲ ၅ကျပ်သား
  • ပန်းပွင့် ၁/၂ ခြမ်း
  • ပြောင်းဖူးသေး ၂ထုပ်
  • ဂျပန် တို့ဟူး ၁တောင့်
  • ပဲပြား ၁ပြား
  • ငုံးဥ ၁၀လုံး
  • မိုခြောက် ၇ပွင့်
  • ရှီတာကီ ၄ပွင့်
  • ကောက်ရိုးမို ၆ခု
  • တရုတ်နံနံ ၅ပင်
  • ခရမ်းချဉ်သီး ၁လုံး
  • ဆား
  • သကြား
  • ကော်မှုန့်
  • ငရုတ်ကောင်း
  • နှမ်းဆီမွှေး
  • ပဲငံပြာရည်အနောက်
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဂျင်း

ပြုလုပ်နည်း

  1. ဝက်၊ ကြက်သားကို သေးသေးတုံး၍ ဆား၊ သကြား နယ်ကာ ဆီအနည်းငယ် နှင့် ကြော်၍ ရေထည့်ကာ နူးအောင်ချက်ပါ။
  2. အသီးအရွက်များကို မုန့်ညှင်းမှ အပ ဆီအနည်းငယ် နှင့် ၃မိနစ် ခန့်စီ ဆားထည့် ကြော်ပြီး ဖယ်ထားပါ။
  3. ငုံးဥကို ပြုတ်ထားပါ။
  4. ဂျပန် တို့ဟူးကို ဂျုံမှုန့်ကပ် ကြော်ပြီး ဆယ်ထားပါ။
  5. အိုးထဲသို့ ဆီအနည်းငယ် ထည့်၍ ပူလာလျှင် ကြက်သွန်ဖြူ ၄မွှာခန့် ဓားပြားရိုက် ဂျင်းပါးပါး လှီးထည့်ပါ။
  6. ပဲငံပြာရည် အနောက်ထည့်ပါ။
  7. မိုများ ထည့်၍ ၂/၃မိနစ် ခန့်ထားပါ။ အသား ထည့်ပါ။ အရွက်များ ထည့်ပါ။ ကြက်သွန်နီလေး စိတ်စိတ်ထည့်ပါ။
  8. ပဲပြား၊ ငုံဥ ထည့်ပါ။ မုန့်ညှင်း ထည့်ပါ။ ဆား၊ သကြားထည့်ပါ။ ရေနွေး ထည့်ပါ။ ဆူလာလျှင် ကော်မှုန့် ရေဖျော် ထည့်ပါ။
  9. ဂျပန်တို့ဟူး ထည့်ပါ။ ငရုတ်ကောင်း၊ ခရမ်းချဉ်သီး၊ တရုတ်နံနံ ထည့်မွှေပါ။
  10. ချကာနီးလျှင် နှမ်းဆီမွှေး ထည့်၍ ရပါပြီ။

Review

User Rating

5 (3 Votes)