Recipes | အကြော် - Fried

ထိကရုန်း နဲ့ ကောက်ရိုးမှိုကြော်

December 11, 2015

ထိကရုန်း နဲ့ ကောက်ရိုးမှိုကြော်

Share this on:

ပါဝင်ပစ္စည်းများ (၆ ယောက်စာ)

  • ထိကရုန်း ၃စည်း
  • ကောက်ရိုးမှို ၂၀ကျပ်သား
  • ကြက်သွန်ဖြူ ၆မွှာ
  • ငရုတ်သီးစိမ်းအနီရောင် ၅တောင့်
  • သကြား အနည်းငယ်
  • ခရုဆီ ၁ဇွန်း (ထမင်းစားဇွန်း)
  • ပဲငံပြာရည်ကကြည် ၁ဇွန်း (ထမင်းစားဇွန်း)
  • ပဲငပိစေ့ အနည်းငယ်
  • တရုတ်ဟင်းချက်ဝိုင် ၃ဇွန်းခန့် (ထမင်းစားဇွန်း)
  • ငရုတ်ကောင်းမှုန့်အဖြူ
  • ဆီ ၂ဇွန်း (ထမင်းစားဇွန်း)

ပြုလုပ်နည်းများ

  1. ထိကရုန်းကို စားကာနီးမှ ရေဆေးရ်ျ မိမိနှစ်သက်ရာ အရွယ်ကို လှီးပါ။
  2. မှိုကိုရေမဆေးရ၊ အဝတ်စိုလေး နှင့်သုတ်ရ်ျ သန့်ရှင်းပြီး အရွယ်တော်လေးလှီးပါ ။
  3. ဒယ်အိုး ပူပူထဲတွင် ဆီထဲ့ပြီး တပြားရိုက်ထားသော ကြက်သွန်ဖြူ ကိုထည့်ပါ။
  4. ကြက်သွန်ဖြူ အနည်းငယ်နီသွားလျှင် ထိကရုန်း ၊ ကောက်ရိုးမှိုများ ကိုထည့်ပါ။
  5. ပြီးလျှင် သကြား၊ ခရုဆီ ၊ ပဲငံပြာရည် ၊ ပဲပုတ်စေ့လေးတွေ ထည့်ပြီး တရုတ်ဟင်းချက်ဝိုင်ကို လောင်းထည့်ရ်ျ မီးပြင်းပြင်း နှင့် စိမ်းစိမ်းလေး ဖြစ်အောင် မိနစ်အနည်းငယ်သာ ကြာ်ပါ။
  6. ငရုတ်သီးစိမ်းအနီများကို တပြားရိုက်ရ်ျ အုပ်ပြီး၊ ငရုတ်ကောင်းမှုန့်အဖြူ ဖြူးလိုက်ပါ။
  7. အရသာ အပေါ့အငံမြည်းရ်ျ လိုအပ်သလိုပြင်နိုင်ပါသည်။
  8. ပူပူနွေးနွေး စားရန် အစဉ်သင့် ဖြစ်ပါပြီ ။ (စားကာနီးမှ ကြော်ရ်ျ ချက်ခြင်းစားပါ။ စောစောကြော်ထားလျှင် အရောင်ပြောင်း သွားနိုင်ပါသည်)
Credit: MF.WW

Photo Credit: ဟင်းချက်နည်းများ

Review

User Rating

0 (0 Votes)