Recipes

ပင်လယ်စာ ထမင်းကြော်

December 30, 2015

ပင်လယ်စာ ထမင်းကြော်

Share this on:

ပါဝင်ပစ္စည်းများ

  • ထမင်းကြမ်း တပန်းကန်စာ
  • ဆား အနည်းငယ်
  • ကြက်သားမှုန့် အနည်းငယ်
  • ပဲငံပြာရည် အကျဲ အနည်းငယ်
  • ပဲငံပြာရည်အပြစ် အနည်းငယ်
  • သကြား အနည်းငယ်
  • ကြက်သွန်မြိတ် ၁ ပင်
  • ကြက်သွန်ဖြူ ၁မွှာ (ဥကြီး)
  • ဆီ ၂ စားပွဲဇွန်း
  • ကြက်ဥ ၁လုံး
  • ပုဇွန် ၂ ကောင်
  • ဂုံး ၄ ကောင်
  • ကင်းမွန် ၁ကောင်
  • ငရုတ်ကောင်း အနည်းငယ်ကြော်နည်း

ပြုလုပ်နည်း

  1. ဇလုံ တခုထဲမှာ ပါဝင်ပစ္စည်း ၂ ကနေ ၆ အထိထည့်ပီး ထမင်းမကြေအောင် ဖွဖွလေး နယ်ထားပါ။
  2. ပုဇွန်၊ ကင်းမွန် နှင့် ဂုံး တို့ကို သန့်စင်ပီး အဆင်သင့် ပြင်ထားပါ။
  3. ကြက်သွန်မြိတ် အဖြူရောင် အပိုင်းကို စွေစွေလေး လှီးထားပါ၊ အစိမ်းရောင် အပိုင်းကို မထူမပါး လှီးထားပါ။
  4. ကြက်သွန်ဖြူကို ဒါးပြားရိုက်ပီး နုတ်နုတ်စင်းထားပါ။
  5. ဆီပူနေတဲ့ ဒယ်အိုးထဲမှာ ကြက်ဥဖောက်ထည့် မွှေကြော်ပီး ခွက်တခုထဲ ခပ်ထားပါ၊
  6. လိုအပ်ရင် ဆီ အနည်ငယ် ထပ်ထည့်ပီး ကြက်သွန်မြိတ် အဖြူရောင် အပိုင်းနှင့် ကြက်သွန်ဖြူကြော်ပါ ၂-၃ ချက်မွှေပီး အသင့်ပြင်ထားတဲ့ အသားများ ထည့်မွှေပါ။ အသားအရောင် ပြောင်းသွားတာနဲ့ အသင့်နယ်ထားတဲ့ ထမင်းမွှေပေးပါ၊ မီးပြင်းပြင်းမှာ ခပ်မြန်မြန် မွှေပေးပါ၊
  7. ချခါနီးမှာ ကြက်ဥ ထည့်မွှေပါ။၊ ငရုပ်ကောင်းမှုန့် ဖြူးပါ၊ သုံးဆောင်မည့် ပန်းကန်ထဲ ခပ်ထည့် ကြက်သွန်မြိတ် ဖြူးပီး ပူပူနွေးနွေး သုံးဆောင်ပါ။
Credit: Mee Mee Tofu