Recipes | အသုပ် - Salad

ပိန္နဲသီး ပဲပုတ်ခြောက်စေ့ နှင့် ကိုင်းခရမ်းချဉ်သီး အစပ်သုပ် (Jackfruit and Dried Soybean with Spicy Tomato Salad)

January 30, 2016

ပိန္နဲသီး ပဲပုတ်ခြောက်စေ့ နှင့် ကိုင်းခရမ်းချဉ်သီး အစပ်သုပ် (Jackfruit and Dried Soybean with Spicy Tomato Salad)

Share this on:

ချဉ်ငံစပ် ဖြစ်လို့ ဘယ်အချိန်ပဲ သုပ်စားစား အဆင်ပြေပါတယ်။ သတ်သတ်လွတ် စားသုံးသူများလဲ ငါးငံပြာရည်မထည့်ပဲ သတ်သတ်လွတ် သုပ်စားနိုင်တာကြောင့်
အရသာရှိရှိ ချဉ်ငံစပ် သတ်သတ် လွက်ဟင်းတစ်ပွဲ ကိုရရှိမှာပါ။ လုပ်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

  • ပိန္နဲသီး - ၃ကွင်း (အသားမှုန့်နှင့် ပြုတ်ထားပါ)
  • ကြက်သွန်ဖြူဆီချက် - ၁ဇွန်း စားပွဲဇွန်း
  • ပဲအကျက်မှုန့် - ၂ ဇွန်း လက်ဖက်ဇွန်းး
  • နံနံပင် - ၅ပင် (အရွက်တွေပဲချွေယူထားပါ၊ ခတ်ကြမ်းကြမ်းလှီးထားပါ)
  • ပဲပုတ်ခြောက်စေ့ -၃ ဇွန်း စားပွဲဇွန်း (လှော်ထားပါ၊ မညက်တစ်ညက်ထောင်းထားပါ)
  • ခရမ်းချဉ်သီး အနှစ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ
  • ငရုတ်သီးစိမ်း ၁၀ တောင့်
  • ငံပြာရည် ၁ ဇွန်း စားပွဲဇွန်း
  • ဆား တစ်ဝက် ဇွန်း လက်ဖက်ဇွန်း
  • ကြက်သွန်ဖြူ - ၅မွှာ (အခွံခွာပြီး တစ်ပြားရိုက်ထားပါ)
  • နံနံရိး - ၅ ရိုး
  • ကိုင်းခရမ်းချဉ်သီး - ၁၀ လုံး

ပြုလုပ်နည်း

  1. အိုးထဲ ကို ခရမ်းချဉ်သီး အနှစ် ပြုလုပ်ရန် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး မီးမှင်မှင်လေးဖြင့် ပြုတ်ထားပါ။ ခရမ်းချဉ်သီးများ နူးအိလာလျှင် ရပါပြီ။
  2. ပြုတ်ထားသော ပိန္နဲသီးကို အခွံခွာပြီး အဖတ်များ ကို လက်ဖြင့်အသာ အနေတော် ဖယ့်ထားပါ။
  3. သုပ်ရန် ပိန္နဲသီးဖတ် နှင့် ခရမ်းချဉ်သီးအနှစ် လိုသလောက် နှင့် ခရမ်းသီး ပြုတ်ရာတွင် ပါဝင်သော ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူဖတ်များလဲ ထည့်သုပ်လို့ ရပါတယ်။ ကျန်ပါဝင် ပစ္စည်းများ အားလုံး ထည့်ပြီး နှံ့အောင် လက်ဖြင့် နယ်ပါ။ စားမြည်းပါ၊လိုတာ ထပ်ဖြည့် နိုင်ပါတယ်။
  4. *မှတ်ချက်- ကိုင်းခရမ်းချဉ်သီး ဖြစ်သောကြောင့် ချဉ်ပါသည်။ ခရမ်းချဉ်သီးအနှစ်ကို လိုသလောက်ထည့်ပြီး ပိုတာကို လေလုံ ဖန်ဗူးလေးဖြင့် ရေခဲသေတ္တာထဲမှာ ၂ပတ်လောက်ထားလို့ရပါတယ်။
Credit: Syilwin Foodsgarden

Review

User Rating

0 (0 Votes)