ပုဇွန် - Prawn | အသုပ် - Salad

ပုစွန်ဆိတ်အစိမ်းသုပ်

May 5, 2016

ပုစွန်ဆိတ်အစိမ်းသုပ်

Share this on:

ပါဝင်ပစ္စည်းများ

  • ပုဇွန်ဆိတ်အစိမ်း ၁၀ ကျပ်သား
  • ကြက်သွန်နီ ၂ လုံး
  • ရှမ်းနံနံ ၅ ပင်ခန့်
  • ပူဒီနံ ၁၀ ညွှန့်ခန့်
  • ထိုင်းဆန်လှော်မှုန့် ၂ ဇွန်း
  • ပဒဲကော
  • စပါးလင်
  • တောရှောက်ခါးရွက်
  • ငရုတ်သီးလှော်မှုန့် ၁ ဇွန်း
  • ပုဇွန်ငံပြာရည် ၂ ဇွန်း
  • သံပါရာရည် ၁ ဇွန်းခွဲ
  • သကြား အနည်းငယ်
  • ဟင်းခတ်မှုန့် အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ဒီဟင်းပွဲပြင်ဆင်မယ်ဆိုရင် ထိုင်းပုံစံ ဆန်လှော်မှုန့်ရဖို့ ဦးစွာပြုလုပ်ရပါမယ် ။ ဆန်လက်တစ်ဆုပ်ခန့်ကို ရေဆေး ၊ ခြောက်အောင်ဖြန့်ကာ ပါးပါးလှီးထားတဲ့ ပဒဲကော ၊ စပါးလင် ၊ တောရှောက်ခါးရွက်တွေထည့်ကာ မီးအေးအေးမှာ မွှေးနေအောင် လှော်ပေးပြီး ညှက်အောင် ထောင်းပေးပါ ။
  2. ပုဇွန်ဆိတ်တွေကို ရေဆေးသန့်စင်ထားပါ ။ ကြက်သွန်နီနှင့် ရှမ်းနံနံကို ရေဆေး ၊ ပါးပါးလှီးပြီး ရေစစ်ထားပါ ။ ပူဒီနံအညွှန့်တွေကိုလည်း သန့်စင်ထားပါ ။
  3. ဇလုံတစ်ခုအတွင်းမှာ သကြား ၊ ဟင်းခတ်မှုန့် ၊ ပုဇွန်ငံပြာရည် ၊ သံပါရာရည်တို့ကို ပျော်ဝင်သည်အထိ မွှေပေးပါ ။
  4. ဆန်လှော်မှုန့် ၊ ငရုတ်သီးလှော်မှုန့်တွေ ထည့်ပေါင်းပြီးရင် ရေစစ်ထားတဲ့ ပုဇွန်ဆိတ်အစိမ်းတွေကို ထည့်ပါ ။
  5. ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၊ ရှမ်းနံနံတွေ ထည့်ပေါင်းပြီး ဖွဖွလေး မွှေပေးပါ ။ ပူဒီနံရွက် ၊ ငရုတ်ခြောက်တောင့်ကြော်နှင့် အလှဆင်ပြီး ချက်ချင်းသုံးဆောင်ပါ ။
Photo Credit: Daw Nway (မြဝတီ)

အောင်ဇဗ္ဗူလင်းအပန်းဖြေဥယျာဉ်။

Review

User Rating

5 (1 Votes)