Recipes | အကြော် - Fried

ပုဇွန်အသားလိပ်ကြော်

December 10, 2015

ပုဇွန်အသားလိပ်ကြော်

Share this on:

ပါဝင်ပစ္စည်းများ

  • ပုဇွန်
  • ဝက်သား
  • ကြက်သွန်နီ
  • ကြက်သွန်မိတ်
  • မုန်လာဥနီ
  • ကြက်ဥ
  • ဂျုံမှုန့်
  • ဆား
  • သကြား
  • ပဲပြား (အခြောက်)
  • Sweet Chili Sauce

ပြုလုပ်နည်း

  1. ပုဇွန်ကို ၂ ခြမ်းခွဲလိုက်ပါ။
  2. ဝက်သားကို တောက်တောက်စဉ်းပါ။
  3. ပုဇွန်၊ ဝက်သား ၊ ကြက်သွန်နီ ၊ ကြက်သွန်မိတ် ၊ မုန်လာဥနီသးသေးလေးတွေ လှီးထားတွေကို ရောပြီး ကြက်ဥနှစ် ၊ ဂျုံမှုန့်၊ အရသာအတွက် ဆား၊ သကြား တို့ထည့်ပြီး ရောနယ်ပါတယ်။ (ခပ်စည်းစည်းလေး ဖြစ်နေရပါမယ်)
  4. ခပ်စည်းစည်း မဖြစ်သေးရင် ဂျုံမှုန့်အနည်းယေ် ထပ်ထည့်ပြီး နယ်ပေးပါ။
  5. ပြီးရင်ဖြင့် ပဲပြားလိပ်ထဲ ထည့်ပြီး အလိမ့်လေးဖြစ်အောင် လိမ့်ပြီး ပေါင်းပေးရပါတယ်။(ထမင်းပေါင်းအိုး ထဲထဲ့ရ်ျ ပေါင်းလို့ရပါတယ်။)
  6. ၅မိနစ်လောက်နေရင် ပေါင်းအိုးထဲမှထုပ်ရ်ျ အအေးခံရပါမယ်။
  7. ပြီးမှ ဓါးထက်ထက်လေးနဲ့ အပိုင်းလေးတွေလှီးပြီး ဆီပူအိုးထဲထည့် ကြော်ပါ။ ၊ရွှေဝါရောင်သန်းလာရင် ချပြီး သုံးဆောင်နိုင်ပါပြီ
  8. ပုဇွန်နံမွှေးမွှေး ကြော်လို့ကြွပ်နေတဲ့ ပဲလိပ်ပြား အပေါ်ယံရယ် အတွင်းကအိနေတဲ့ ပုဇွန် နှင့် ဝက်သား တို့ရဲ့အရသာရယ်၊ Sweet Chili Sauce လေးနဲ့ တို့စားရင် အင်မတန် စားကောင်းပါတယ်။
Credit: အိမ်ဟင်းလေးတခွက်

Review

User Rating

1.3 (3 Votes)