ပါဝင်ပစ္စည်းများ

  • ပုစွန် ၁၀ကောင်
  • ပြည်ကြီးငါး ၃ကောင်
  • ပဲပြား ၁တုံး (လှီးထားပါ)
  • တို့ဟူး ၁ထုပ်
  • ကြက်ဥ ၁လုံး
  • ငရုတ်နှစ် ၂ဇွန်း
  • ကြက်သွန်ဖြူ ၄မွှာ(ဓားပြားရိုက်ထားပါ)
  • ကြက်သွန်နီ ၁လုံး(လေးစိတ် စိတ်ထားပါ)
  • ငရုတ်သီးစိမ်း ၃တောင့်(ခြမ်းထားပါ)
  • ပင်အပ်မိူ အနည်းငယ်(ရေဆေး ဖြတ်ထားပါ)
  • ငရုတ်ကောင်း အနည်းငယ်
  • မုန်လာထုပ် ကင်ချီ အနည်းငယ်
  • ကြက်သွန်မိတ် ၂ပင်( ၁လက်မခန့် ဖြတ်ထားပါ)
  • Zucchini ၁လုံး(လှီးထားပါ)
  • ဆား အနည်းငယ်
  • ပဲငံပြာရည်

ပုလုပ်နည်း

ပြည်ကြီးငါးကို ရေဆူဆူမှာ ၁မိနစ်ခန့် ထားပြီး ဆယ်ထားပါ။ (မပြုတ်လဲရပါတယ်)

အိုးထဲသို့ ဆီ အနည်းငယ် ထည့်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးနှစ် ထည့်ပါ။

ပြည်ကြီးငါး၊ ပုစွန်ထည့်မွှေပါ။ ကြက်သွန်နီ လေးစိတ် စိတ်ထည့်ပါ။

ကင်ချီထည့်ပါ၊ ခဏ မွှေပြီးလျှင် ရေထည့်ပါ။ ပဲငံပြာရည် အကြည် ၁ဇွန်းခန့် ထည့်ပါ။

Zucchi၊ ပဲပြားတုံး၊ ဆားအနည်းငယ်ထည့်ပါ။(အချိုမှုန့်သုံးလျှင်ထည့်ပါ။)

ရေဆူလျှင် မိူထည့် အဖုံးအုပ်ထားပါ။ ၅မိနစ်ခန့်ကြာလျှင် တို့ဟူးထည့်ပါ။ ကြက်သွန်မိတ်၊ငရုတ်သီးစိမ်း၊ငရုတ်ကောင်းထည့်ပါ။

အရသာ အနေတော် ဖြစ်လျှင် ကြက်ဥ ဖောက်ထည့်၍ ရပါပြီ။ အစပ်ကြိုက်လျှင် ငရုတ်သီး ပိုထည့်ပါ။

Credit: ချက်ကြည့်ကြစို့