ဖက်ထုပ်ပြုတ် ဟင်းချို လုပ်နည်းကို Kem Hom ချက်နည်းအတိုင်း ချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ

ပုဇွန် – ၁၂၅ ဂရမ် (အခွံနွာပြီးသား)

ကြက်ပေါင်အသား – ၁၂၅ ဂရမ်

ဆား – ၁/၂ ဇွန်း (လက်ဖက်ရည်ဇွန်း)

ငရုပ်ကောင်းဖြူမှုန့် – အနည်းငယ်

ကြွက်နားရွက်မှို – ၂ ပွင့် (ရေစိမ်ပြီးနုတ်နုတ်လှီးထားပါ)

ပဲငံပြာရည် အကျဲ – ၁/၂ ဇွန်း (စားပွဲတင်ဇွန်း)

ကြက်သွန်မြိတ် – ၂ ဇွန်း (စားပွဲတင်ဇွန်း) (လှီးထား)

ဟင်းချက်ဝိုင် – ၁/၂ ဇွန်း (စားပွဲတင်ဇွန်း)

သကြား – အနည်းငယ်

နှမ်းဆီမွှေး – ၁/၄ ဇွန်း (လက်ဖက်ရည်ဇွန်း)

ကြက်ဥ – အကာတဝက်

ဟင်းချိုရည် ချက်ရန်

ကြက်ရိုးပြုတ်ရည် – ၁ လီတာ

ပဲငံပြာရည် အကျဲ – ၁ ဇွန်း (စားပွဲတင်ဇွန်း)

နှမ်းဆီမွှေး – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)

ကြက်သွန်မြိတ် – ၁ ပင် (လှီးထားပါ)

ပြုလုပ်နည်း

ပုဇွန်နဲ့ ကြက်သားကို ဇလုံ တခုထဲမှာ ထည့်၊ ဆားနဲ့ ငရုပ်ကောင်း ထည့်ပြီးနယ်၊ ကျန်တဲ့ အဆာပလာတွေ အကုန်ထည့်နယ် ပြီး ရေခဲ သေတ္တာ အခဲထပ်မှာ မိနစ် ၂၀ နှပ်ထားပါ။

အချိန်စေ့တဲ့အခါ ဝမ်တန်ဖက်ရဲ့ အလယ်တည့်တည့်မှာ အဆာ ၁ ဇွန်း (စားပွဲတင်ဇွန်း) ထည့်ပြီး ပိတ်ပါ။

ကြက်ပြုတ်ရည် အိုးထဲ ပဲငံပြာရည်နဲ့ နှမ်းဆီထည့် အသာ ဆူလာအောင်တည်ပါ။ (ပွက်ပွက်ဆူတာမျိုးမဟုတ်)

နောက် ရေနွေးအိုး တအိုးတည် ဆားထည့်၊ ဖက်ထုပ်လေးတွေ ထည့်ပြုတ်၊ အပေါ်တက်လာပီ ဆိုရင် အပေါက်ပါတဲ့ ဇွန်းနဲ့ ဆယ်ပီး ကြက်ပြုတ်ရည် အိုးထဲ ထည့်ပြုတ်ပါ။ ၂ မိနစ် ခန့်ပြုတ်ပြီး သုံးဆောင်မည့် ပန်းကန်လုံးတွင် ခပ်ထည့်ပါ။ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ ကြော်ဆီချက် ဆမ်းပြီး ပူပူနွေးနွေး သုံးဆောင်ပါ။

ဖက်ထုပ် ဆီချက် အနေနဲ့ဘဲ စားလိုပါလျှင် ပဲငံပြာရည် အကျဲ၊ ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်မြိတ်ဖြူး စားနိုင်ပါတယ်။

Credit: Meemee Tofu