တန်ဆောင်မုန်းလပြည့်နေ့ရောက်လျှင် မြန်မာတို့ ရိုးရာမပျက် စားကြတဲ့ မယ်ဇလီဖူးသုတ်။

ပါဝင်ပစ္စည်း

  • မယ်ဇလီဖူး
  • ကြက်သွန်ဖြူဆီချက်
  • ကြက်သွန်နီဆီချက်
  • မြေပဲ၊ ပုဇွန်ခြောက်
  • သံပုရာသီး၊ ဆား

ပြုလုပ်နည်း

မယ်ဇလီဖူးလေးတွေ လက်၂ဆုပ်စာလောက် ရေပွက်ပွက်ဆူမှာ ဆားနည်းနည်းထည့်၍ ၃ရေလောက် ပြုတ်လိုက်ပါ။ ကြက်သွန်ဖြူ နှင့် ကြက်သွန်န်နီ ဆီချက် ချက်ထားပါ။

မယ်ဇလီဖူးပြုတ်ပြီးရင် ရေညှစ်၍ မညက်တညက်ထောင်းပါ။ ထောင်းထားသော မယ်ဇလီဖူး ကြက်သွန်ဖြူ ဆီချက်၊ ကြက်သွန်နီဆီချက်၊ မြေပဲ မညက်တညက်ထောင်း ပုဇွန်ခြောက် အနည်းငယ် ထည့်ကာ သံပုရာသီးညှစ်ပြီး အရသာအချိုအငံထည့်၍ နယ်လိုက်ပြီးလျှင် သုံးဆောင်ရန် အစဉ်သင့် ဖြစ်ပါပြီ။

Credit: Myanmar Yummy Foods