မာလာငါးဟင်း

Share this on:

ပါဝင်ပစ္စည်းများ

  • ငါး
  • အသီးအနှံ (ကြာရိုး၊ မျှစ်ခြောက်/အစို၊ ကဇွန်းရွက်၊ ဥနီ၊ ပဲပြားအစို/အခြောက်၊ နှစ်သက်ရာ အသီးအရွက်)
  • မြေပဲဆီ
  • မြေပဲလှော် လုးံခွဲ ထောင်း
  • ငရုတ်ကောင်း မှုန့်
  • ဝှါခြောင် မှုန့်
  • ဝှါခြောင် ဆီ
  • ငရုတ်သီးကြမ်း မှုန့်
  • ငရုတ်သီးလှော် မှုန့်
  • ရှောက်ကော မှုန့်
  • နှမ်းလှော် ထောင်းး
  • နံနံစေ့လှော် ထောင်းး
  • အရောင်တင် မှုန့်
  • ကြက်သွန်ဖြူထောင်းး
  • ဂဏန်းမှုန့်

ပြုလုပ်နည်း

  1. မာလာဟင်းအနှစ်ပြုလုပ်နည်း - အိုးထဲ ဆီပူလျှင် ကြက်သွန်ဖြူထောင်း ထည့်ပြီး ဆီသက်ပါ ။ ပြီးလျှင် ပါဝင် ပစ္စည်းများ (အမှတ်စဉ် ၃ မှ ၁၄ အထိ) ထည့်ပါ ။ ခဏထားပြီး အအေးခံထားပါ။ ။
  2. ငါးကိုသန့်စင်ထားပြီး ဆားနှင့်နယ်ထားပါ ။ စားခါ နီးမှ ရေနွေး ဆူတဲ့ထဲ ငါးထည့် ပြုပ်ပါ
  3. ငါးကျက် တော့ ဆယ် ထားပါ ။ ငါးပြုပ်ရည်ထဲတွင် အသီးအနှံ တွေထည့်ပြီး ခပ်စိမ်းစိမ်းလေး ပြုပ်ပါ ။
  4. ကျက်လျှင် ဆယ်ပြီး မာလာအနှစ်ထဲတွင် ကြက်သွန်မိတ်၊ ဂဏန်းမှုန့် ထည့်ရ်ျ ကျက်ပြီးသား ငါးပေါ် လောင်းချပါ ။ အပေါ့ငံ မြည်းပြီး သုးံဆောင် နိုင်ပါသည်။ ။
Credit: Daw Suu Suu

Review

User Rating

3.8 (10 Votes)