Recipes | ဟင်း - Curry | ဟင်းသီးဟင်းရွက် - Vegetables

မိုချဉ်စပ် (ငွေနှင်းမို)

December 29, 2015

မိုချဉ်စပ် (ငွေနှင်းမို)

Share this on:

ပါဝင်ပစ္စည်းများ

  • မို
  • ကြက်သွန်ဖြူ ၄မွှာ
  • ခရမ်းချဉ်သီး ၁လုံး
  • ငရုတ်သီးစိမ်း ၅တောင့်
  • ငရုတ်သီး အပုထောင်း
  • ငပိ
  • နနွင်း
  • ပင်စိမ်း

ပြုလုပ်နည်း

  1. မိုကို အနေတော်လွှာ မာတဲ့ အောက်ခြေကို လှီးထုတ်ပြီး ရေစင်စင် ဆေးပြီး ရေစစ် ထားပါ။
  2. ဆီအနည်းငယ်မှာ နနွင်း အနည်းငယ် နဲ့ ကြက်သွန်ဖြူ ၄မွှာ ထောင်းပြီး ဆီသတ်ပါ။
  3. ငရုတ်သီး အပုထောင်း (အရောင်တင်မှုန့်) ထည့်ပါ ။
  4. ငပိ အနည်းငယ်ထည့်ပါ။
  5. မွှေးလာလျှင် ငရုတ်သီးစိမ်း ၅တောင့်ထောင်း (သို့) ထက်ခြမ်းခွဲ ထည့်ပါ။
  6. အစပ်ကြိုက် ပိုထည့်ပါ။
  7. ခရမ်းချဉ်သီး (၁)လုံး ပါးပါးလှီး ထည့်ပါ။ အနည်းငယ် နွမ်းလာလျှင် ရေထည့်ပါ။
  8. အရသာမှုန့် အနည်းငယ် ထည့်ပါ။ ရေခန်း ဆီပြန်လျှင် မို ထည့်ပြီ မွှေပါ။
  9. မို မှာပါသော ရေခန်းပြီး ဆီပြန်လျှင် ပင်စိမ်းလေး အုပ်ပြီး ရပါပြီ။
  10. အချဉ် ကြိုက်ရင် သံပုရာသီး အနည်းငယ် ညှစ်ထည့်ပါ။
Credit: ချက်ကြည့်ကြစို့

Review

User Rating

0 (0 Votes)