မုန်ညင်းစော

Share this on:

ပါဝင်ပစ္စည်းများ

  • မုန်ညင်းဖူး - ၂ စည်း (အ၀ါရောင်အပွင့်ပါတဲ့ မုန်ညင်း)
  • ၀က်နံရိုး - ၁၅ ကျပ်သား
  • ခရမ်းချဉ်သီး - ၂ လုံး
  • မန်ကျည်းရည် - ၃ ဇွန်း ထမင်းစားဇွန်း
  • ငရုတ်သီးစိမ်း - ၅ တောင့်
  • ရှမ်းနံနံ - အနည်းငယ်
  • နံနံပင် - အနည်းငယ်
  • ထန်းညက်ခဲအသေး - ၃ ခဲ
  • ကြက်သွန်နှီ - ၁ လုံး
  • ကြက်သွန်ဖြူ - ၂ မွှာ
  • ဂျင်း - အနည်းငယ်
  • ဆား - အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ၀က်နံရိုးတွေကို အနေတော် တုံးပါ။ မုန်ညင်းဖူးကို အနေတော် လှီးထားပါ။ ခရမ်းချဉ်သီးနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ ကိုလည်း ပါးပါးလှီးပါ။
  2. အိုးထဲသို့  အားလုံး ထည့်ပြီး လုံးချက်ပါ။ ရေခမ်းသွားလျှင် ရေထပ်ထည့်ပြီး တည်ပါ။
  3. ၀က်နံရိုးတွေ နူးလာသည် အထိ ရေခဏခဏ ထပ်ဖြည့်ပြီး မီးအေးအေးဖြင့် တည်ပါ။
  4. မန်ကျည်းရည် ထည့်ပြီး အရသာအပေါ့အငန်ကို စိတ်ကြိုက်ပြင်ပါ။
  5. စားမည့်ပန်းကန်ထဲ ခပ်ထည့်ပြီး ရှမ်းနံနံ၊ နံနံပင်၊ ငရုတ်သီးစိမ်း ထည့်လိုက်လျှင် စားချင်စဖွယ် မုန်ညင်းစောဟင်းရည် ရပါပြီရှင်။
  6. (၀က်နံရိုး မထည့်ပဲ ဒီအတိုင်းချက်လည်း စားလို့အလွန်ကောင်းပါတယ်။)
Credit: KaeKae's FoodPalace

Review

User Rating

4.5 (2 Votes)