သောက်ဆမ်း - Soup Curry | Recipes

မျှစ်ရေစိမ် နှင့် ဆန်လှော် တာလပေါဟင်း

December 15, 2015

မျှစ်ရေစိမ် နှင့် ဆန်လှော် တာလပေါဟင်း

Share this on:

ပါဝင်ပစ္စည်းများ

  • မျှစ်စိမ်းနုကြီးကြီး ၁ခု
  • ဆန်လှော် လက်တစ်ဆုပ်ခန့်
  • ကြက်သွန်နီ ၁လုံး
  • ကက်သွန်ဖြူ ၃တက်
  • ခရမ်းချဉ်သီး ၂လုံး
  • ငါးပိ ဇွန်းဝက်ခန့်
  • ပင်စိမ်းရွက် ၃ပင်
  • ငရုတ်သီးစိမ်း ၅တောင့်ခန့်

ပြုလုပ်နည်းများ

  1. မျှစ်စိမ်းနုနုကို မိမိနှစ်သက်သလို ပါးပါးလှီးပြီး ရေဆေးသန့်စင်ကာ တစ်ညအိပ် ကြိုတင်ရေစိမ် ထားရပါမယ်။
  2. ရေစိမ်ထားချိန်မှာ အနည်းဆုံး(၃)ကြိမ်ခန့် ရေလဲပေးပါ။
  3. ဆန်ကိုရေဆေး၊ စစ်ပြီး မီးအေးအေးမှာ မွှေးနေအောင် လှော်ပြီး လုံးခြမ်းခွဲထောင်းပါ။
  4. အိုးတစ်လုံးမှာ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီးန နှင့် ထောင်းထားတဲ့ ကြက်သွန်ဖြူ ၊ငါးပိတို့ကို ရောထည့်ပြီး ရေအနည်းငယ်နှင့် ဆူပွက်အောင် အပူပေးပါ။ (မီးအရှိန်ပြင်းလျှင်ငါးပိကြောင့်ဟင်းရည်နောက်သွားတတ်ပါသည်)
  5. ဟင်းရည်တစ်ပွက်ဆူလျှင် လုံးခြမ်းခွဲထောင်းထားသော ဆန်လှော်ကို ထည့်ပြီးချက်ပါ။
  6. ဆန်လှော် တစ်ဝက်ကျက် အနေအထားလောက်မှာ ရေစစ်ထားတဲ့ မျှစ်စိမ်းအဖတ်တွေ ထည့်ကာ အဖုံးအုပ်ထားပါ။
  7. မျှစ်ဖတ်လေးတွေနူးသွားပြီဆိုလျှင် ဓားပြားရိုက်ထားတဲ့ ငရုတ်သီးစိမ်းနဲ့ ပင်စိမ်းရွကိတွေ ခပ်ပြီးသုံးဆောင်ပါ။
Credit: ဟင်းချက်နည်းများ

Review

User Rating

2.8 (4 Votes)