Recipes

ယိုးဒယား ငပိထောင်း – Nam Prik Kapi

March 8, 2016

ယိုးဒယား ငပိထောင်း – Nam Prik Kapi

Share this on:

လိုအပ်သောပစ္စည်းများ

  • ထိုင်းငါးပိ - ဟင်းချက်ဇွန်းကြီး ၁ ဇွန်းခန့်
  • ပုစွန်ခြောက် - ၁၀ ကောင်
  • ငရုတ်သီးစိမ်း သို့မဟုတ် အမှည့် - ခပ်များများ
  • ကြက်သွန်ဖြူ - ဥကြီး ၁ ဥ
  • ကြက်သွန်နီ - ဥသေး ၁ ဥ
  • ထန်းလျက် - ၁ ခဲ
  • ယိုးဒယားငံပြာရည် - ၂ ဇွန်း
  • ခရမ်းကစော့သီး - အနည်းငယ်
  • သံပုရာသီး - ၂လုံး

ပြုလုပ်နည်း

  1. ငါးပိကို မီးးကင် ထားပါ (သို့မဟုတ်) ငှက်ပျော်ဖက်ဖြင့် ထုပ်ပြီး မီးအုံးပါ ။
  2. ပုစွန်ခြောက်ကို ရေဆေးပြီး ရေနွေးဖြင့် စိမ်ထားပါ ။
  3. ရေစိမ်ထားတဲ့ ပုစွန်ခြောက် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်းများကို ရောပြီး ညက်အောင် ထောင်းပါ ။
  4. ခရမ်းကစော့သီး ထည့်ထောင်းပါ ။
  5. မီး ကင်ထားတဲ့ ငါးပိကို ရောထောင်းပြီး ထန်းလျက် နှင့် ငံပြာရည် စသည့် အရသာများကို မိမိ စိတ်ကြိုက်ထည့်ပါ ။
  6. သံပြာရည် ညှစ်ထည့်ပါ ။
  7. ယိုးဒယားငါးပိ မရှိလည်း မြန်မာငါးပိထည့်သုံးလို့ ရပါတယ် ။  ထန်းလျက်အစား သကြား သုံးလို့လည်း ရပါတယ် ။  ခရမ်းကစော့သီး ကိုလည်း မထည့်ရင် ရပါတယ်။
Credit: Warr Tee

Review

User Rating

0 (0 Votes)