Recipes

ယိုးဒယား အနီရောင် ဟင်းချက်အနှစ် (Red Curry Paste)

January 3, 2016

ယိုးဒယား အနီရောင် ဟင်းချက်အနှစ် (Red Curry Paste)

Share this on:

ပါဝင်ပစ္စည်းများ

  • ငရုပ်သီး ပွခြောက် - တစ်ဆယ်သား
  • ကြက်သွန်နီအသေး - နှစ်လုံး
  • ကြက်သွန်ဖြူ - တစ်လုံး
  • စပါးလင် - နှစ်ချောင်း
  • ပဒဲကော - လက်တစ်ဆစ်
  • ရှောက်ခါးသီးအခွံ - တစ်လုံး
  • ရှောက်ခါးရွက် - ငါးရွက်
  • ဆိတ်ဖူး - သုံးချောင်း
  • နံနံစေ့ - တစ်ဇွန်း စားပွဲဇွန်း
  • ဇီယာ - တစ်ဇွန်း
  • ငါးပိ - တစ်ဇွန်း
  • အုန်းနို့ခရင်မ် - သုံးဇွန်း
  • ဆီ - ငါးကျပ်သား

ပြင်ဆင်ပြုလုပ်ပုံ

  1. ငရုပ်ပွခြောက်ကို ရေစိမ်ထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဒဲကော၊ စပါးလင်၊ ရှောက်ရွက် တို့ကို ပါးပါး လှီးထားပါ။ ရှောက်ခါးသီး ကို အခွံသင် ထားပါ။
  2. ငရုပ်ခြောက် ပွလာပါက ရေစစ်ပြီး အသင့် လှီးထားသည်များ နှင့် ပါဝင်ပစ္စည်းတို့ (အုန်းနို့နှင့်ဆီမှအပ)ကို ကြိတ်စက်တွင် ထည့်ပြီး ကြေညက်အောင်သည် ထိကြိတ်ပါ။ လိုအပ်ပါက ရေအနည်းငယ် ထည့်ပေးပါ။
  3. ကြေညက်ပါက ကြိတ်စက်မှ ထုတ်ယူပြီး အုန်းနို့ ခရင်မ်ကို ထည့်ပြီး သမအောင် မွေပြီး အသုံးပြုနိုင် ပါပြီ။
  4. တာရှည် အထားခံနိုင်ရန် အတွက် အိုးတခုတွင် ဆီထည့်ပြီး အနီရောင် ဟင်းချက်အနှစ် တို့ကို ဆီပြန်လာသည်ထိ မီးသေးသေးဖြင့် ချက်ပေးပါ။
  5. ဆီပြန်ပါက မီးပိတ် အအေးခံကာ သန့်ရှင်းသောဘူးဖြင့် ထည့်ပြီး ရေခဲသေတ္တာတွင် တာရှည် အသုံးပြုနိုင်ရန် သိမ်းဆည်းထားနိုင်ပြီး မိမိလိုသလောက်ကိုသာ ဇွန်းသန့်သန့်ဖြင့် ခပ်ယူ အသုံးပြုနိုင်ပါပြီ။ ***ဆီဖြင့်မချက်ဘဲ သိမ်းဆည်းလိုပါက တခါသုံးစာ ပုံစံခွက်များဖြင့် ထည့်ပြီး ခဲထားပါ။မာခဲ သွားပါက ထုတ်ယူပြီး လေလုံသော ဘူးဖြင့် ထည့်ပြီး အခဲခန်းတွင် ကြာရှည်စွာထားပြီး အသုံးပြု နိုင်ပါသည်။
Credit: Sofia Food Paradise

Review

User Rating

0 (0 Votes)