ဝက်သား - Pork | အပြုတ် - Boiled

ဝက်သား ဒုတ်ထိုး

December 31, 2015

ဝက်သား ဒုတ်ထိုး

Share this on:

ဝက်အူစုံ နဲ့အသား - ပြုတ်နည်း ပါဝင်ပစ္စည်းများ

  • ဝက်သား
  • အသဲ
  • အဆုပ်
  • နားရွက်
  • ကျောက်ကပ်
  • ကြက်ဥ
  • ဆား
  • သကြား
  • ပဲမှူန့်
  • ရှာလကာရှည်
  • ငြုပ်ကောင်းမှူန့်
  • လေးညှင်း
  • နာနတ်
  • ပဲငံပြာပြာရည်
  • 15. နံနံပင်အမျှစ်
  • မန်ကျည်းသီး
  • ထန်းလျှက်ခဲ
  •  ကြက်သွန်ဖြူ
  • ငရုပ်သီးစိမ်း
  • ယိုးဒယား ပဲငံပြာရည်

ပြုလုပ်နည်း

  1. ဝက်အူစုံ နဲ့အသား.၁ပိသာခန့်ကို ပြုလုပ်မှာ ဖြစ်ပါတယ်။  အသားများကို ဆေးကြော သန့်စင်ပြီး ဆား၊သကြားတို့ဖြင့် ရောနယ်ထားပါ။
  2. အူများကို ပထမ ပဲမှူန့်နဲ နယ်ဆေးပါ။
  3. ဒုတိယ အနေနဲ့ ရှာလကာရှည်ဖြင့် ပွတ်ဆေးပြီး ရေသန့်နဲ့ ၃ကြိမ်ခန့် ဆေးကြောပြီး ပြောင်းပြန်လုပ်ကာ တူဖြင့် အူချောင်များကို ထိုးသွင့်၍ ၃ချောင်းခန့် ထပ်ပါ။  ပြုတ်တဲ့ခါ ၂အိုး ခွဲပြုတ်ရမှာ ဖြစ်ပါတယ်။
  4. အနီရောင်ရှိတဲ့ အသဲ ၊အဆုပ်၊ နားရွက်၊ ကျောက်ကပ်နဲ့ အသားတို့ကို သီးသန့် တစ်အိုးပြုတ်ပြီး အူသတ်သတ် တစ်အိုးပြုတ်ပါ။ရောပြုတ် လိုက်ရင် အရောင်မလှ တတ်လို့ပါ။
အူပြုတ်နည်း

1. အိုးကို ပူအောင် တည်ပြီး သကြား ထမင်းစါး တစ်ဇွန်းခန့် ထည့်လှော်ပါ။
2. ငြုပ်ကောင်းမှူန့် အနည်းငယ် နဲ့ လေးညှင်း၂ပွင့်၊ နာနတ် ၁ပွင့်၊ပဲငံပြာပြာရည် လက်ဖက်ဇွန်း၂ဇွန်းခန့် ထည့်ပါ အရောင်အတွက် ထည့်တာ ဖြစ်ပါတယ်။
3. ရေခန်းအောင် လုံးထားပြီးမှ ရေအမြုပ် ထည့်ပြီး ပြုတ်ပါ။နံနံပင်အမျှစ် ၃ပင်ခန့် ဓားပြား ရိုက်ထည့် ပြီး ရေခန်းသည်ထိ မီးဖြည်းဖြည်းဖြင့် ပြုတ်ပါ။ု

အသဲ၊အဆုပ်၊ကျောက်ကပ်၊အသား၊နားရွက်ပြုတ်နည်း

1. ရေနွေးဆူအောင် တည်ပြီး ဆား၊ သကြား ထမင်းစားဇွန်းဝက်၊ နာနတ် ၁ပွင့်၊ ပဲငံပြာရည်၊ ငြုပ်ကောင်းမှူန့်တို့ ထည့်ပြီး အသားထည့်ကာ မီးဖြည်းဖြည်းနှင့် နူးသည်ထိ ပြုတ်ပြီး ဗန်းထဲ ဆည်ထည့်ကာ အအေးခံပြီး အချဉ်ရည်ဖြင့် တွဲဖက်စားနိုင်ပါပြီ။
2. ကြက်ဥပြုတ် ကြိုက်ပါက ၅လုံးခန့် ထည့်ပြီး ပြုတ်နိုင်ပါတယ်။

အချဉ်ရည်ပြုလုပ်နည်း

1. မန်ကျည်းသီး လက်တဆုပ်ခန့် နဲ့ ထန်းလျှက်ခဲ ၃ခဲခန့်ကို ရေနဲ့ အနှစ်ရအောင် ပြုတ်ပါ။ အနှစ် ရအောင် ဇကာနဲ့ တိုက်ထားပါ။ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း ရောထောင်းပြီး ကြိုထားတဲ့ မန်ကျည်းအနှစ် နဲ့ ရာပြီး ယိုးဒယား ပဲငံပြာရည်နဲ့ သကြား အနည်းငယ် ထည့်ဖျော်ပြီး သုံးဆော င်နိုင်ပါပြီ။

Credit: Aye Thazin & Thida Lay Lay