Recipes | ဝက်သား - Pork | ဟင်း - Curry

ဝက်သားနီချက် ရိုးရိုးလေး – (Pork Caramelized)

March 8, 2016

ဝက်သားနီချက် ရိုးရိုးလေး – (Pork Caramelized)

Share this on:

လိုအပ်သောပစ္စည်းများ

  • ဝက်သား သုံးထပ်သား - ၂၅သားခန့်
  • ကြက်သွန်နီ - ၃ ဥ
  • ကြက်သွန်ဖြူ - ၁ဥ
  • သကြားအညို - ထမင်းစားဇွန်း ၂ဇွန်း
  • ဂျင်း အတက်သေး - ၁တက်
  • Dark Sweet Soy Sauce
  • Light Soy Sauce

ပြင်ဆင်ချက်ပြုတ်နည်း

  1. ဝက်သားတုံးများကို ရေစင်အောင် ဆေးပြီး ဆား ၊ ပဲငံပြာရည် အကြည် ၊ အနောက်တို့ အပြင် ညက်အောင် ထောင်းထားတဲ့ ဂျင်းပါ ထည့်ပြီး နာရီဝက်ခန့် နှပ်ထားပေးပါ ။
  2. ဒယ်အိုးထဲကို ဆီ အနည်းငယ် ထည့်ပြီး မီးအေးအေးဖြင့် သကြားများကို အညိုရင့်ရောင် ပြောင်းသည် အထိ ကြော်ပေးပါ ။
  3. သကြားက ကတ်တတ်တဲ့ အတွက် ကြော်နေစဉ် မပြတ်မွှေပေးပါ ။
  4. သကြားများ မိမိ ကြေနပ်သည် အထိ မွှေးပျံ့ပြီး အရောင်ပြောင်း လာလျင် ဝက်သားများ ထည့်ကာ အသားထဲမှ ရေများကုန်သည်အထိ ချက်ပေးပါ ။
  5. အသားများ ရေကုန်ပြီး အဆီများ စတင် ထွက်လာတာနဲ့ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ထောင်းထားတဲ့ အနှစ်များကို အနံ့များ မွှေးပျံ့လာသည် အထိ မွှေပြီးချက်ပေးပါ ။
  6. အနှစ်များနွမ်းလျင် ရေမြုပ် ရုံထည့်ပြီး အသားများ နူးအိလာသည် အထိ ရေမကြာခဏထည့်ပေးပြီး ချက်ပါ ။
  7. အဖုံးအုပ်ထားပါ ။ မကြာခဏမွှေပေးပါ ။
  8. အသားများ အိပြီး ဆီပြန်လာလျင် မီးဖိုပေါ်မှ ချပြီး စားသုံးလို့ ရပါပြီ ။
Credit: Warr Tee

Review

User Rating

2.8 (10 Votes)