သတ်သတ်လွတ် ကော်ပြန့်စိမ်း

Share this on:

2

1

3

 

ပါဝင်ပစ္စည်း

  • ကော်ပြန့် ဖတ်ကြီး - ၁၀၀ ချပ်
  • ဂေါ်ဖီကြီး - ၂ ထုပ်
  • ဥနီ - ၂ တောင့် 
  • ပဲတုံး - ၄ တုံး
  • ဂေါ်ရခါးသီး - ၃ လုံး
  • ဘိုစားပဲ
  • ဆလတ် - ၂ စည်း
  • ကြက်သွန်မြိတ်
  • ကြက်သွန်ဖြူ - ၁ ဥ (နနွင်းမထည့် ၊ ဆီချက် ချက်ထားပါ ။)
  • ဆား
  • သကြား

ပြုလုပ်နည်း

  1. ပဲတုံးကို ဂျစ်နဲ့ ခြစ် ၊ ဥနီကို ဂျစ်နဲ့ ခြစ် ၊ ဂေါ်ရခါးသီး အတုံးသေးသေးလေးတွေလှီး ၊ ပဲသီး အကွင်း ပါးပါးလှီး ၊ ဂေါ်င်္ဖီကို ဂျစ်နဲ့ အမျှင်ပါးပါး ခြစ်ထားပါ ။
  2. ပထမ ဆီ ၃ ဇွန်းလောက်နဲ့  ပဲတုံး ခြစ်ပြီးသားတွေကို လှော်ပါမယ် ။ ကျွတ်ပြီး နဲနဲညိုတဲ့ အထိပါ ။ ဆား ၊ သကြား ထဲ့ပါ တယ် ။ ဖယ်ထားပါ။  (ပဲခြစ်လေးတွေက လုံးခဲ မွမွလေးဖြစ်ရမယ် ။  ဒါမှ အရွက်ထဲ ပျော်မသွားပဲ အသားစလေးတွေပုံ ဆောင်နေမှာပါ ။   နာနာ   နဲ့ ကြာကြာ ၊ ယောင်းမအားသုံးပြီး မကပ်အောင် ခြစ်နေရမှာကို သတိပြုပါ ။)
  3. ဆီ ၃ ဇွန်းလောက်ထဲ့ ပြီး ၊ ပဲသီး ၊ ဥနီ ၊ ဂေါ်ရခါးသီး တွေထည့်ပြီး ရောကြော်ပါမယ် ။
  4. ဆားနဲနဲ နဲ့ သကြား ကို စား ၁ ဇွန်းထဲ့ ပါမယ် ။ အစိမ်းနံ့ကုန်ပြီး  ကျက်ရင် ဖယ်ထားပါတယ် ။
  5. ဂေါ်ဖီကို တ၀က်စီ ၊ ဆီ ၂ ဇွန်း ၊ ဆား နဲနဲ ၊သကြား စား ၂ ဇွန်းနဲ့ ကြော်ပါမယ် ။ အစိမ်းနံ့ ပျောက်ပြီး ကျက်တဲ့ ထိကြော်ပါ ။
  6. ဂေါ်ဖီ နောက်တအိုး ကြော်ပြီးချိန်တွင် အားလုံးကို သမအောင် ပြန်ရောလို့ ရပါပြီ ။
  7. ရေခြောက်နေရင် ၊ စိုစိုလေးဖြစ်အောင် ၊ ရေနွေး တဖန်ခွက် လောက်ထပ်ထဲ့ လိုက်ပါ ။ ကော်ပြန့် စိမ်းက အရေလေးစိုနေမှ လိပ်စားရတာ ခြောက်မနေပဲ နူးညံ့နေမှာပါ ။
  8. ကော်ပြန့် ဖတ်ကို ခွာထားပြီး ၊ ရေစိုဝတ် သန့်သန့်နဲ့ အုပ်ထားပါ ။ (ပိုရင် အေးခဲခန်းထဲ ထဲ့ ပြီးသိမ်းထားလျင် ၄ - ၅ ရက် ခံပါတယ် ။
  9. ပြောင်းဖူးပြုတ်ချွေထည့် ၊ အဆာနဲ့ ရောစားသလို ၊ စိမ်းစားဥ ကို ဂေါ်ရခါးသီးလိုလှီး ၊ ရောကြော်ပြီး စားရင်လဲ တကျွတ်ကျွတ်နဲ့ အရမ်းစား ကောင်းပါတယ် ။
  10. အသားထဲ့ ချင်ရင် ပြုတ်ပြီး စင်းထဲ့ပါ ။
  11. ကော်ပြန့် ဖတ်က အငံဓါတ်ရှိတာမို့ အဆာကို ဆား သတိထား ထဲ့ပါ ။  လိပ်စားခါနီး အဆာက ပူပူလေးဖြစ်နေပါစေနော် ။
Credit: Happy Family Time

Review

User Rating

4.3 (6 Votes)