Recipes | မြန်မာမုန့်များ - Myanmar Desserts

အညာသားကျောကုန်း (သို့) မုန့်နီထုပ်

February 7, 2016

အညာသားကျောကုန်း (သို့) မုန့်နီထုပ်

Share this on:

ယဉ်ယဉ်ကျေးကျေး အခေါ်အရ အညာသား ကျောကုန်းလို့ ခေါ်ပါတယ်။ တချို့ တောဒေသမှာ ခွေးလျှာ လို့လဲ ခေါ်ပါတယ်။  အချို့ ရွာတွေရဲ့အခါကြီးရက်ကြီးများမှာ မပါမဖြစ်တဲ့ အညာဒေသ မုန့်တမျိုး ဖြစ်ပါ တယ်။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့်စစ်စစ်   -  ၄ ဗူး( နို.ဆီဗူး )
  • ထန်းဖိုထန်းလျက်ကြီး   -  ၂၅ ကျပ်သား
  • ဆား   -  အနည်းငယ်
  • ပဲဆီသန့်   -  အနည်းငယ်
  • ငှက်ပျောဖက်   -  လိုအပ်သလောက်

ပြုလုပ်ရန်

  1. ပထမဆုံး ငှက်ပျောဖက်တွေကို သန့်စင်ပြီး ဇကာတစ်ခုမှာ တင်ပြီး ရေနွေးငွေ့ နဲ့ ပေါင်းပါ။
  2. ထန်းဖို ထန်းလျက်ကိုလည်း ရေအနည်းငယ်နဲ့ ကျိုပြီး အနည်ကို ရေစစ်တစ်ခုနဲ့ စစ်ယူပါ။
  3. စတီး ဇလုံကြီးကြီး (သို့) ကြွေဇလုံ ကြီးကြီး တစ်ခုမှာ ကောက်ညှင်းမှုန့် ၊ ဆား ၊ ထန်းလျက်ရည်နဲ့ ကြက်သီးနွေး ရေအနည်းငယ်နဲ့ သမအောင်ရောနယ် (လက်သီးနဲ့ ထိုးဖိပြီး ) နယ်ပေးပါ။
  4. သတိပြုဖို့က မုန့်သားပျော့ မသွားစေပဲ ရေကို လိုအပ်မှ နည်းနည်းချင်း စီထည့်ပါ။ နယ်ပြီးရင် အနည်းဆုံး ၁၀ မိနစ်ခန့်လောက် နှပ်ထားဖို့လည်း လိုအပ်ပါတယ်။
  5. ပေါင်းထားတဲ့ ငှက်ပျောဖက်မှာ ဆီအနည်းငယ်သုတ်ပြီး မုန့်သားဒိုး တစ်လုံးစာကို ရှည်မျောမျော ပုံလေး ထည့်ကာ ငှက်ပျောဖက် အစွန်း ၂ ခုကို ခေါက်ချိုးပါ။
  6. ထို့နောက် မြေပေါင်းအိုး (သို့) မိမိနှစ်သက်ရာ ပေါင်းအိုးဖြင့် မိနစ် ၃၀ခန့် အထိ ပေါင်းရပါမယ်။
  7. ပူတုန်း စားရင်စေးကပ်ကပ်တဲ့ အရသာမတွေ့ လှပါဘူး။ အအေးခံ ထားပြီး (၁) ပတ် လောက်ထိ စားသုံး နိုင်ပါတယ်။ 
Credit: Htet Htet