၀က်ခေါက်ကင် ကြွတ်ကြွတ်ရွရွလေး ဖြစ်အောင် ကင်နည်းပါ။ Halogen Oven / Convection Oven ဖန် အိုး နဲ့ ကင်ထားပါတယ်။

လုပ်နည်းက ရှင်းလင်း လွယ်ကူလှပါတယ်၊ ဝက်ခေါက် မပွဘူးဆိုရင် ပြန်လည် သုံးသပ်သင့်တဲ့ အချက်များ ကတော့ ဝက်ခေါက် သေသေချာ ခြောက်သလား၊ မီး အပူချိန် နည်းနေလား၊ အခေါက်ကို ဒါးနဲ့ မွှန်းချိန်မှာ အခေါက်ကို လွန်ပီး အသား၊ အဆီ တို့အထိ ရောက်သွားလား၊ ဝက်ခေါက်ကို ပြုတ်ချိန်မှာ အိုးကပ်သွားပီး အခေါက်က ဂျပ်ခဲကြီး ဖြစ်သွားလား၊ စသဖြင့် တခုခု လွဲသွားရင် ဝက်ခေါက် ပွပွ ရွရွ လေး မရပါဘူး။

အခေါက်ကင်မှာ အခေါက်က ကြွတ်ရွပီး အသားက စိုအိအိလေး ဖြစ်ရပါတယ်၊ အတွင်းသား ကျက်မကျက်ကို သာမိုမီတာနဲ့ တိုင်းကြည့်လို့ ၆၃-၆၈ံ C ရှိရင် သေချာစွာ ကျက်ပါပီ။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၂၀ သား (သုံးထပ်သား)
  • ရှာလကာရည် ၂ စားပွဲဇွန်း
  • ရေ ဝက်ခေါက် မြုတ်ရုံ
  • ဆား သင့်ရုံ
  • ပဲငံပြာရည်အကျဲ ၁လက်ဘက်ရည်ဇွန်း
  • ဆန် အရက် ၁ လက်ဘက်ရည်ဇွန်း
  • တရုပ် မဆလာ ၁/၄ လက်ဘက်ရည်ဇွန်း

ပြုလုပ်နည်း

ဝက်သား (ဗိုက်သား) ၃၅၆ ဂရမ် ကို သန့်စင်ဆေးကြောပါ။ အိုးတခုတွင် ရေ အနည်းငယ် နဲ့ ရှာလကာရည် ထည့်ပီး ၁၅ မိနစ်ပြုတ်ပါ။ ရေစပ်စပ် ကျန်သော အနေထားတွင် မီးပိတ်ပါ။

အခေါက် အပေါ်ယံက အချွဲတွေကို ဒါးနဲ့ ခြစ်ထုတ်ပီး ရေဆေးပါ။ လိုအပ်လျှင် ၂ ပြန် ၃ ပြန် ခြစ်ထုတ်လိုက် ရေဆေးလိုက် လုပ်ပေးပါ။ ပီးတဲ့အခါ ဒါးထက်ထက်နဲ့ အခေါက် အပေါ်ယံ ရှပ်ပီး မွှန်းပေးပါ။ အောက်ဘက်က အဆီ ကို လုံး၀ မထိရပါ။

ရေခြောက်အောင်သုပ်ပါ။ အသားဘက် အခြမ်းကို ၁ လက္မခွဲ အမြှောင်း လှီးပီး ဆား၊ ပဲငံပြာရည်၊ တရုတ်မဆလာ၊ ဆန်အရက် တို့ဖြင့် အရသာ ဝင်အောင်နယ် နှပ်ပေးပါ။ အခေါက်ဘက်ကို လုံး၀ အရသာ မထိမိရ။

ဝက်ခေါက် မာခြောက် သွားအောင် ရေခဲ သေတ္တာတွင် ၂၄ နာရီ အဖုန်း မဖုန်းဘဲ ထားလိုက်ပါ။ လိုအပ်လျှင် ပိုထားပါ၊ ကင်ဘို့ အဆင်သင့် ဖြစ်ချိန်မှာ အခေါက်က မာခေါက်ခဲ ကြီး ဖြစ်နေရပါတယ်။

ခဲစက္ကူကို ဝက်သားတုံး နဲ့ အတိကျ ခွက်ပုံစံလေး လုပ်ပါ။ ဝက်သားတုံး ထည့်ပါ။ (ခဲစက္ကူ ပတ်ပေးတာက မီးအပူတိုက်ရိုက်ထိပီး အသားတွေ ကျွမ်းခြောက်မှာ စိုးလို့ပါ)

အခေါက်ကို အပေါ်ဘက်တွင် ထားပါ။ ဖန်အာဗန် (Convection Oven / Halogen Oven / မသီအိုး ) တွင် ဇကာခံပီး ၊ ဇကာပေါ်တွင်တင်ပါ၊ မီးအပူ ၂၃၂ ံ C/ ၄၅ဝံF တွင် ၃၀-၃၅ မိနစ် ကင်ပါ၊

ဝက်သားတုံးနှင့်မီး အနီးအဝေး ပေါ်မူတည်ပီး ကြာသော အချိန် ကွာခြားနိုင်လို့. အခေါက် တူးမသွားစေရန် စောင့်ကြည့်ပါ။ ပုံမှန် Oven နဲ့ ကင်မည့်သူများ ကအလယ်ဆင့်မှာ ထားပီး Bake မှာထားပီး ၂၅-၃၀ မိနစ် ကင်ပါ၊ ပီးမှ Broil မှာ ၁၀-၁၅ မိနစ် ထားပါ၊ တူးလွယ်တဲ့ အတွက် သတိထားပါ။

Credit: Mee Mee Tofu