အကြော်စုံ မွမွလေး

Share this on:

Screen Shot 2016-03-27 at 20.09.50

Screen Shot 2016-03-27 at 20.10.00

ပါဝင်ပစ္စည်း

  • အာလူး
  • ဆူးပုတ်ကြီး
  • ပြောင်းဖူး
  • ပိန်းဥ
  • ဂေါ်ရခါး
  • ရုံးပတီ
  • ကြက်သွန်နီ
  • ယိုးဒရားမယ် အကြော်မှုန့် ၂ ထုပ်
  • ယိုးဒရား တန်ပူရာမှုန့် ဟင်းစားဇွန်း လေးဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေခဲရေ ၂ ခွက် (ထမင်းပေါင်းအိုးမှာပါတဲ့ခွက်)
  • ဆီ

ပြုလုပ်နည်း

  1. အာလူး ၊ ဆူးပုတ်ကြီး ၊ ပြောင်းဖူး ၊ ပိန်းဥ ၊ ဂေါ်ရခါး ၊ ရုံးပတီ ၊ ကြက်သွန်နီ တို့ကို ကြော်မည့် အရွယ် အသင့်လှီးထားပါ။
  2. ယိုးဒရားမယ် အကြော်မှုန့် ၂ ထုပ် ၊ ယိုးဒရား တန်ပူရာမှုန့် ဟင်းစားဇွန်း လေးဇွန်း ၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ ရေခဲရေ ၂ ခွက် (ထမင်းပေါင်းအိုးမှာပါတဲ့ခွက်) နဲ့ မုန့်နှစ်ကို ဖျော်ပါ။
  3. စားခါနီးမှ အစဉ်သင့် လှီးထားသည့် အသီးအရွက်များကို ဖျော်ထားသည့် မုန့်နှစ်တွင် နှစ်ရ်ျ ဆီပူပူတွင် ထဲ့ရ်ျ ကြော်ပါ ။
Credit: Soe Cooking Collection

Review

User Rating

3.7 (3 Votes)